WeChat အသုံးပြုသူတိုးပွားစေရန် လုပ်ဆောင်ပေးပါက ဖုန်းငွေဖြည့်သွင်းပေးမည် ~ MICT Garden

WeChat အသုံးပြုသူတိုးပွားစေရန် လုပ်ဆောင်ပေးပါက ဖုန်းငွေဖြည့်သွင်းပေးမည်

 
WeChat ၏ အခမဲ့ငွေဖြည့်ပေးခြင်း အစီအစဉ်အား ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး ပါဝင်နိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ကတ် ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်ရန် WeChat သုံးစွဲသူများအနေဖြင့် WeChat Team မှ ဖိတ်ခေါ်ကုဒ် (Invitation Code) ကို ရယူပြီး app အသုံးမပြုသေးသူများကို ပေးပို့ရမည်ဖြစ်သည်။

မိမိ၏ မိတ်ဆွေသူငယ်ချင်းတို့မှ WeChat app ကို ထည့်သွင်းခြင်း၊ အကောင့်ဖွင့်ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် ရရှိထားသောကုဒ်ကို WeChat Team သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

အဆိုပါကုဒ်ကို WeChat Team မှ အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် app ထည့်သွင်းသူနှင့် ကုဒ်ပေးပို့သူ နှစ်ဦးစလုံးမှာ ဖုန်းငွေဖြည့်ကတ်ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

WeChat ၏ ဖုန်းငွေဖြည့်ကတ် ပိုင်ဆိုင်နိုင်ခြင်း အစီအစဉ်ကို ၂ ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၀၀ တိတိ (US$30,000) ကိုလည်း သုံးစွဲသူများအား မဲဖောက်ပေးသွားမည် ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box