iPhone အတုများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ ဖမ်ဆီးခံရ ~ MICT Garden

iPhone အတုများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ ဖမ်ဆီးခံရ



ယခုနှစ်တွင် ယွမ် သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၉.၆ သန်း) ခန့် တန်ဖိုးရှိသော iPhone အတု ၄၀,၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့သည့် ဘေကျင်းအခြေစိုက် ကုမ္ပဏီတစ်ခုကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘေကျင်းရဲတပ်ဖွဲ့သည် iPhone အတုများ အလုံးအရင်းထုတ်လုပ်မှုအတွက် သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ကုမ္ပဏီ၏ စက်ရုံတွင် ဖုန်းတပ်ဆင်သည့်လိုင်း ၆ ခုနှင့် ဆဲလ်ဖုန်းအစိတ်အပိုင်း တစ်သန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်တွင် တရုတ်နိုင်ငံလုပ် ဆဲလ်ဖုန်းအတုများကို သိမ်းဆည်းခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီနှင့် ပတ်သက်၍ စုံစမ်းမှုများကို ရဲတပ်ဖွဲ့က မေလမှ စတင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ဖုန်းမားသားဘုတ်များကို နိုင်ငံခြားမှ ဝယ်ယူခဲ့ပြီး အမှတ်တံဆိပ်နှင့် အခြားအစိတ်အပိုင်းများကို ရှန်ကျန်းမြို့မှ ဝယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

၎င်းကုမ္ပဏီသည် ဖုန်းအစိတ်အပိုင်းများကို တပ်ဆင်ရန် အလုပ်သမား ရာပေါင်းများစွာကို ငှားရမ်းခဲ့ပြီးနောက် ဖုန်းအတုများကို အခြားနိုင်ငံများထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

iPhone အတုများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ၏ အမည်ကို ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

Ref: People.cn
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box