အသစ်တည်ဆောက်မည့်
အိုင်စီတီစီးတီးစီမံကိန်းရှိ မြေနေရာများကို ကြိုတင်စနစ်ဖြင့်
ရောင်းချခြင်းများ ပြုလုပ်သွားရန် လက်ရှိအနေအထားအရ စဉ်းစားထားသည်ဟု
အဆိုပါစီမံကိန်း၌ ပါဝင် ပတ်သက်နေသူတစ်ဦးက ပြောသည်။
အိုင်စီတီစီးတီး စီမံကိန်းသည် အိုင်စီတီနယ်ပယ်အတွက် ဒုတိယကြိမ်မြောက် အကြီးမားဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အတွင်း တည်ဆောက်သွားမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့နှင့် မနီးမဝေး တည်နေရာ၌ အိုင်စီတီစီးတီးတစ်ခု ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဦးဆောင် လုပ်ကိုင်ရမည်ဖြစ်ပြီး မြေနေရာ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဟု သိရသည်။
မြေဧကအနေဖြင့် နိုင်ငံတော်သမ္မတက ဧက ၅၀၀ သတ်မှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်၌ ဧက ၃၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်ကို ချထားပေးခဲ့သည်ဟု သိရသည်။
အဆိုပါတည်နေရာ၌ ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်နိုင်စေရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။
မကြာသေးခင်က စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်းရှိ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များကို စိတ်ပါဝင်စားခြင်း ရှိ၊ မရှိ သိရှိစေရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ခေါ်ယူခဲ့ကြောင်း အဆိုပါ ဖိတ်ခေါ်မှုအရ ပြည်တွင်းရှိ နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များသည် အဆိုပါစီမံကိန်းကို စိတ်ဝင်စားမှု များပြားနေကြောင်း သိရှိခဲ့ရသည်။
အိုင်စီတီစီးတီး၌ ဝင်ရောက်လုပ်ကိုင်လိုသော နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များသည် လုပ်ငန်းနှင့် ပတ်သက်သော အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ထံ ပေးရမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှုနှင့် နည်းပညာဆိုင်ရာ အခန်းကဏ္ဍအတွက် ပြန်လည် အကျိုးဖြစ်ထွန်းမှုများကို အသင်း ချုပ်မှ ပြန်လည် သုံးသပ်သွားမည်ဟု သိရသည်။
ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် အိုင်စီတီစီးတီးသည် အောင်မြင်မှုမရရှိခဲ့သည့် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်း ပြီးစီးသည့်နောက် ဒုတိယမြောက် အကောင်အထည် ဖော်ဆောင် မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးမည့် အချိန်ကာလကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။