ယခုပို့စ် ကျွန်တော့် ကိုဖုန်းဆက်ပြီးမေးမြန်းထားသော သူများအတွက်
သီးသန့်ပေါ့နော်.. ဒါပေမဲ့ မသိသောသူတွေဖတ်နိုင်ပါတယ်.အားလုံးကိုစုစည်းပြီး
တင်ပေးလိုက်ပါပြီ ..
ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင်
ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော
ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊
ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ..
အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော်
..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P

အမည်တမ်း သူ့ကြောင့်ဒုတ်ကောက်ကိုင်နေရတဲ့ Font ထည့်တဲ့ပြသနာ..
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါလေးက ရွှေမူန်ရတီထည့်တဲ့နည်း :P
============================
မြန်မာ Font ထည့်နည်းကတော့ အမျိုးမျိုးရှိပါတယ်။
ကျွန်တော်ပြောမယ့်နှစ်နည်းထဲမှာ တစ်နည်းက Safe ဖြစ်/ လွယ်ကူပြီး
နောက်တစ်နည်းကတော့ နည်းနည်းခက်ပြီး ဖုန်းတစ်ချို့ နဲ့ လဲ Compatible
မဖြစ်ပါဘူး ... ဒါပေမယ့် ဖုန်းအားလုံးနည်းပါးဟာ မြန်မာဖောင့် ထည့်ဖို
့အတွက်ဆိုရင် Root လုပ်ပြီးသားဖြစ်နေမှရပါတယ် ...ကဲ .. Safe ဖြစ်တဲ့
ပထမနည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_1
ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. al...
low non-market application ကို on ပေးပါ ။ပြီးရင် Zawgyi One TTF-2.apk ဆိုတာကို အရင် install လုပ်ပါ. ထပ်ပြီးတော့ FontChanger.apk ကို install လုပ်ပါ (root လိုပါတယ်) ။ ပြီးရင်တော့ Font changer ကိုဖွင့်ပြီး ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။reboot ကျပါလိမ့်မယ် ဒါဆိုရင်တော့ ဖုန်းထဲမှာ မြန်မာ ဖောင့်တွေကို မြင်နေရပါပြီ ။ ရိုက်ဖို့ Keyboard တော့လိုနေပါသေးတယ် ကျွန်တော့်ထဲမှာ frozen keyboard နဲ့ Myandroid နှစ်မျိုးပါပါတယ် ။ကြိုက်တာကို install လုပ်လိုက်ပါ နှစ်မျိုးလုံးလုပ်လဲရပါတယ်။ frozen keyboard ကတော လူကြိုက်များပါတယ် .. install လုပ်ပြီးပြီဆိုရင် setting ထဲက language and Keyboard ထဲက frozenkeyboard တို့ myandroid တို့ ဘေးက အမှန်ခြစ်လေးကို ခြစ်ပေးပြီး OK လုပ်လိုက်ပြီဆိုရင်တော့ စာရိုက်တဲ့နေရာတွေမှာ ခဏဖိထားရင် select input method ဆိုတာပေါ်လာတဲ့နေရာမှာ သူတို့ ကို ရွေးပြီး မြန်မာလို ရိုက်လို့ ရပါပြီ ......
ဒုတိယ နည်းကတော့
ဒါကို Download အရင်လုပ်ပါ
Myanmar_Font_2
ပြီးရင် အဲဒီ့ apk တွေအားလုံးကို ဖုန်းထဲကိုထည့်ပါ .. allow non-market application ကို on ပေးပါ ။ပထမနည်းနဲ့ ကွာသွားတာကတော့ သူက ဖောင့်ကို change တာမဟုတ်ပဲ ဖုန်းထဲမှာ original ပါလာတဲ့ ဖောင့်နေရာ မှာ replace လုပ်တဲ့သဘောတရားမှာပါ။ ပထမဆုံး root explorer ကို install လုပ်ပါ။ပြီးရင် သူ့ ထဲကနေ စောစောကသွင်းထားတဲ့ DroidSans ကိုရှာပြီး copy လုပ်ပါ ပြီးရင် back နဲ့ / ပေါ်လာတဲ့နေရာအထိရောက်အောင်သွားပါ ။ရောက်ပြီဆိုရင် System ထဲကိုဝင်ပါ၊ ပြီးရင် font folder ထဲကိုထပ်ဝင်ပါ။ ပြီးရင်တော့ အပေါ်က Status bar ရဲ့ အောက်မှာ Mount R/O လို့ ပေါ်နေရင် အဲဒါကို တစ်ချက်နှိပ်လိုက်ပါ ။Read/only ဆိုရင် paste လုပ်လို့ မရပါဘူး။ R/W ဆိုတာပေါ်နေမှ paste လုပ်လို့ ရမှာပါ၊ Overwrite လုပ်မှာလားဆိုတာမေးပါလိမ့်မယ် Yes နှိပ်ပါ .... ဒါဆိုရင် reboot ချပြီးတာနဲ့ မြန်မာဖောင့်ရပါပြီ .... Myanmar Keyboard သွင်းနည်းကတော့ အပေါ်က အတိုင်းပါပဲ .

ဒါလေးက ၀တ်မူန်လေးထည့်တဲ့နည်း:P
==========================
အခုဒီတစ်ခါထပ်တင်ပေးလိုက်တဲ့
ပို့(စ်)လေးကတော့ Font Changer Lite.apk File လေးကိုအသုံးပြုပြီး Android
OS Device မှာ Myanmar Font ထည့်နည်းလေးပါ။Android
OS Device တွေမှာ Setting Programs ထဲမှာ Font Style မပါရှိပါက Root
လုပ်ပြီးမှသာ မြန်မာစလုံးလေးတွေ ပေါ်နိုင်အောင် Modify လုပ်ရမှာပါ။ လုပ်နည်းကတော့အရမ်း
လွယ်ပါ။ ဒါပေမယ့် မိမိ၏ Device ကိုတော့ Root
လုပ်ပြီးသားဖြစ်ရမှာပါ။ Android OS Device ကို Root လုပ်နည်းကိုတော့
Youtube Video နှင့် အခြား Website တော်တော်များများမှာ လေ့လာနိုင်ပါတယ်။
ဒါမှမဟုတ်ရင် မိမိ၏ Device Modle အပြည့်အစုံဖော်ပြပေးပြီး Comment Box မှာ
မေးနိုင်ပါတယ်။ Android OS Device မှာ Myanmar Font ထည့်သွင်းနည်းကို
ပို့(စ်) ၃ခုလောက်တင်ပေးပြီးပါပြီး။ (၁)Android OS Device မှာ Myanmar Font ထည့်သွင်းနည်း (၂) Androin Device မှာ မြန်မာစလုံးတွေ ကြည့်လို့ရအောင် ပြုပြင်နည်း ပို့(စ်)မှာလည်း လေ့လာနိုင်ပါတယ်။ ဒါဆိုရင် အောက်မှာပေးထားတဲ့ File တွေကို အရင်ဆုံး Download ယူပါ။ ApK File ကို Install လုပ်နည်းမသိသေးသူက ဒီပို့(စ်)လေးမှာ ကြည့်နိုင်ပါတယ်။
Font Changer Lite.apk
File Size: 501 Kb
Zawgyi_Mr ThangMing.ttf
File Size: 297 Kb

0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။