အသံအားကိုးမည့္ မိုဘိုင္း အင္တာနက္ ~ MICT Garden

အသံအားကိုးမည့္ မိုဘိုင္း အင္တာနက္














<<  Zawgyi >>

ေခတ္က Information ေခတ္၊ သတင္းအခ်က္လက္တို႔ကို အခ်ိန္ႏွင့္ တစ္ေျပးညီသိမွ ေခတ္ကို တစ္ေျပးညီ လိုက္နိုင္မည္။ ထိုကိစၥအတြက္လည္း အင္တာနက္က အဆင္သင့္ရွိသည္။ အင္တာနက္ကို မိမိရရ သုံးခ်င္လၽွင္ ကြန္ပ်ဴတာ လိုအပ္သည္။ ကြန္ပ်ဴတာ သုံးၿပီဆိုလၽွင္ ကြန္ပ်ဴတာ နည္းပညာကိုပါ သိဖို႔ လိုအပ္လာသည္။ သို႔ေသာ္ ကမၻာ့ဖြံ့ၿဖိဳးဆဲ နိုင္ငံအေတာ္မ်ားမ်ားတြက္ ေသစာရွင္စာကိုပင္ မေရးတက္၊ မဖတ္တက္သူ အေတာ္မ်ားမ်ား ရွိေနသည္။ ထိုသူမ်ားအတြက္မူ ကြန္ပ်ဴတာသည္ လည္ေကာင္း၊ အင္တာနက္သည္ လည္ေကာင္း အသုံးမဝင္ပါ။ ယခုမွု ေခတ္က ေျပာင္းလာသည္။ မိုဘိုင္းဖုန္းသည္ ကမၻာနိုင္ငံ အမ်ားစုတြင္ ေနရာယူလာသည္။ ဖုန္းသည္ စကားေျပာ႐ုံသက္သက္ မဟုတ္။ Data တို႔ကို သယ္ေဆာင္ လႊဲေျပာင္းနိုင္စြမ္းရွိလာသည္။

မိုဘိုင္းဖုန္းေပၚမွ ေန၍ အင္တာနက္ အသြားအလာလုပ္နိုင္သည္။ ထိုသို႔ဆိုလၽွင္ အဆင္ေျပၿပီဟု ထင္ရသည္။ ထင္သာထင္ မဝင္ဘူး ေက်ာင္းအစ္မ ဟုသာ ဆိုရေတာ့မည္။ မိုဘိုင္းဖိုး ကိုင္တိုင္းလည္း စာမတက္ပါ။ သုံးညမွ ကိုးအထိ ကိန္းဂဏန္းသင္ေပးလၽွင္ သုံးတက္သည္။ စာမတက္သူတို႔အတြက္ မိုဘိုင္း အင္တာနက္သည္ပင္ အသုံးမဝင္ေသး။ ထိုသူတို႔အတြက္ အသုံးဝင္ေစမည့္ စနစ္တစ္ရပ္က ရွိသည္။ ယင္းမွာ အသံကို အသုံးျပဳသည့္ စနစ္ပင္ ျဖစ္ေပသည္။ သို႔ျဖစ္ရာ IBM သည္ စာမေရးတက္၊ မဖတ္တက္သူတို႔အတြက္ အသံကို အသုံျပဳၿပီး အင္တာနက္ အသုံးျပဳနိုင္မည့္ နည္းလမ္းကို ႀကံဆလာပါသည္။ ထိုနည္းပညာကို Voice Based Web ဟု ေခၚပါသည္။ အသံကို အသုံးျပဳမည့္ အင္တာနက္ ဆက္သြယ္ေရးကို စတင္မည့္ ေနရာမွာ အိႏၵိယနိုင္ငံျဖစ္သည္။ IBM သည္ သူ၏ India Research Lab ( IRB ) ႐ုံးခြဲကို အသုံးျပဳ၍ ထိုစနစ္ကို စမ္းသပ္ေနသည္။ ဖြံ့ၿဖိဳးၿပီး အဆင့္သို႔ မေရာက္တေရာက္ ျဖစ္ေနသည္။ အိႏၵိယ နိုင္ငံမ်ိဳးတြင္ မိုဘိုင္းဖုန္း အသုံးျပဳမွု လၽွင္ျမန္စြာ ဖြံ့ၿဖိဳးတက္ လာေသာေၾကာင့္ ျဖစ္သည္။ ယေန႔ ကမၻာကို ၾကည့္လၽွင္ ျပည္သူလူထုအတြင္း အင္တာနက္ အသုံးျပဳေရးအတြက္ PC ၏ ထိုေဖာက္နိုင္မွုမွာ မိုဘိုင္းဖုန္းကို မမွီပါ။ နည္းပညာ ရွုပ္ေထြးၿပီး ေစ်းႀကီးေသာ PC ကို လူတိုင္း မဝယ္နိုင္ပါ။ ေစ်းသက္သာၿပီး သြားေလရာပါေသာ မိုဘိုင္းဖုန္းကသာ အင္တာနက္ကို သုံးဖို႔ အဓိပၸါယ္ ပို၍ ျပည့္ဝေစသည္။ ထို႔ေၾကာင့္ PC အေပၚတြင္ သုံးေသာ Web Browser သည္ မိုဘိုင္းဖုန္းတြင္လည္း အျပည့္အဝ အလုပ္လုပ္နိုင္ေစရန္ လိုအပ္လာသည္။ လက္ေတြ႕တြင္ Mobile Web Brower အေတာ္မ်ားမ်ားသည္ PC အေပၚက Brower လို Tab မ်ားကို ေဘးခ်င္းယွဥ္ မသုံးနိုင္ေပ။ ျမင္ကြင္းေသးေသးျဖင့္ စခဲ့ရေသာ မိုဘိုင္းဖုန္းတို႔တြင္ Browser ကို အဆင္ေျပေၿပ သုံးနိုင္ရန္ Tab မ်ားကို ထပ္တင္ထားရေသာေၾကာင့္ ျဖစ္သည္။ ထို႔အျပင္ Mobile Web Browser အမ်ားစုသည္ အင္တာနက္အေပၚမွာ Web Page မ်ားကို မသိမ္းဆည္းနိုင္ေပ။

Stroage အရြယ္အစားေသးေသးျဖင့္ စတင္ခဲ့ရေသာ မိုဘိုင္းဖုန္းမ်ားအတြက္ ထိုအရည္အေသြးကို ခ်န္လွပ္ထားခဲ့ျခင္း ျဖစ္သည္။ Spoken Web ဟု ေခၚေသာ Voice Based Web ဟုလည္း ေခၚေသာ နည္းပညာသည္ ေဒသခံ ျပည္သူမ်ားအား အသံးျဖင့္ အင္တာနက္ သုံးစြဲနိုင္႐ုံ မက၊ သူတို႔ဘာသာ အင္တာနက္ Content မ်ား ျဖည့္သြင္းျခင္း၊ ကိုယ္ပိုင္ Website မ်ားတည္ေဆာက္ျခင္းတို႔ကိုလည္း အသံျဖင့္ လုပ္ေဆာင္လာနိုင္မည္ ျဖစ္သည္။ အေရာင္းအဝယ္ အားျပဳမည့္ e-commerce site မ်ားကို အသံကို အားျပဳၿပီး အေမးအေၿဖ ျပဳလုပ္နိုင္လာမည္ျဖစ္သည္။

ေလာေလာဆယ္တြင္ အသံျဖင့္ အလုပ္လုပ္နိုင္မည့္ အင္တာနက္အတြက္ စမ္းသပ္ေနသည့္ ကြန္ပ်ဴတာ ဘာသာ စကားႏွစ္မ်ိဳးမွာ Voice XML ( Voice Extensible Markup Language ) ႏွင့္ HSTP ( Hyper Speech Transfer Protocol ) တို႔ ျဖစ္ပါသည္။ Spoken Web သည္ www ျဖင့္ စေသာ အင္တာနက္ ကမၻာတြင္ Mirror Site တစ္ခု အေနျဖင့္ တည္ရွိေနမည္ ျဖစ္သည္။ သို႔ေသာ္ Internet Network အေပၚတြင္ အေျချပဳမည္ မဟုတ္ပဲ Telecom Network အေပၚတြင္ အေျချပဳပါလိမ့္မည္။ Spoken Web ကို အသုံးျပဳသူတို႔သည္ သီးျခား URL ( Uniform Resource Locator ) ျဖင့္ ရွိေနေသာ Voice Site မ်ားကို ဖြင့္ၾကည့္နိုင္ပါမည္။ အဆိုပါ ဆိုဒ္မ်ိဳးကိုလည္း ဖန္တီးနိုင္ပါမည္။ အင္တာနက္အေပၚတြင္လည္း ေငြေၾကးလႊဲေျပာင္းနိုင္မည္ ျဖစ္ပါသည္။

အသံျဖင့္ ဖန္တီးေသာ အင္တာနက္နယ္ေျမကို World Wide Telecom Web ဟု ေခၚပါသည္။ ယင္း Website တို႔ကို အသုံးျပဳရန္အတြက္လည္း ဖုန္းဆက္ခ မေပးရပဲ အင္တာနက္ အသုံးျပဳခသာ ေပးရသည့္ ဖုန္းနံပါတ္ Toll-Free Number တစ္ခု ရရွိပါမည္။ အသံကို မွတ္သာသိရွိသည့္ စနစ္ျဖင့္ေသာ္လည္ေကာင္း၊ ဖုန္း၏ Dial Tone ကို အသုံးျပဳသည့္ စနစ္ျဖင့္ေသာ္လည္ေကာင္း၊ အဆိုပါ ဝက္ဆိုဒ္မ်ားကို အသုံးျပဳနိုင္ပါသည္။ Sever အေပၚတြင္ တင္ေပးထားေသာ Template မ်ားကို အသုံးျပဳ၍ မိုဘိုင္းဖုန္း သုံးစြဲသူသည္ Voice Website မ်ားကို ဖန္တီးနိုင္ပါေသးသည္။ VoiceSite မ်ားသည္ World Wide Web ျဖင့္ ခ်ိတ္ဆက္ထားပါသည္။

သို႔ေသာ World Wide Web ေပၚတြင္ ရွိေသာ Site မ်ားကို ၾကည့္နိုင္ရန္ ကိစၥမွု ယင္းတို႔ကို Spoken Interface ကို အေထာက္ပံ့ျပဳသည့္ အေနအထားသို႔ ေျပာင္းလဲထားရပါမယ္။ သို႔တည္မဟုတ္ Voice XML ကိုလည္း အသုံးျပဳနိုင္မည္။ အိႏၵိယနိုင္ငံရွိ IBM Lab သည္ Information ရယူလိုေသာ User မ်ားမွေန၍ ေငြအလႊဲအေျပာင္း လုပ္လိုေသာ User မ်ားအထိ အဆင္ေျပေစနိုင္မည့္ Spoken Web ကို တည္ေထာင္နိုင္ရန္ စိတ္အားထက္သန္ေနပါသည္။ ေမၽွာ္မွန္းထားသည့္အတိုင္း ျဖစ္လာခဲ့လၽွင္ လယ္သမားတို႔သည္ သူတို႔၏ ထုတ္ကုန္မ်ားအတြက္ အေကာင္းဆုံး ေစ်းႏွုန္းရရွိမည့္ ေစ်းကြက္ကို ရွာေဖြ နိုင္ပါသည္။ တံငါသည္တို႔သည္လည္း ပင္လယ္ျပင္သို႔ မထြက္မွီ ရာသီဉတု အေျခေနကို သိရွိနိုင္ပါလိမ့္မည္။ ကုန္စုံဆိုင္တို႔သည္ ဆိုင္တြင္ တင္ေရာင္းေသာ ပစၥည္မ်ားႏွင့္ ယင္းတို႔၏ ေစ်းႏွုန္းကို ျပသနိုင္ပါလိမ့္မည္။

ကုန္ပစၥည္း ထုတ္လုပ္သူတို႔သည္ မိမိတို႔၏ ထုတ္ကုန္ႏွင့္ ပက္သက္ဖြယ္ရွိေသာ လူတစ္ဉီးစီသို႔ သက္ဆိုင္ရာ ေၾကျငာမ်ား ပို႔နိုင္ပါလိမ့္မည္။ Spoken Web ကို အိႏၵိယနိုင္ငံတစ္နိုင္ငံတည္းတြင္သာ ႀကိဳးပမ္းေနသည္ မဟုတ္ပါ။ အာဖရိကတိုက္ရွိ မာလီနိုင္ငံကို အေျချပဳလၽွက္ အာဖရိက အေနာက္ျခမ္း နိုင္ငံအားလုံး အသုံးျပဳရန္ ေဆာင္ရြက္လၽွက္ ရွိပါသည္။ ထို Project အတြက္ အေထာက္အပံ့ေပးသူမွာ European Commision ျဖစ္ပါသည္။ အဆိုပါ စီမံကိန္းကို Voice ဟု ေခၚပါသည္။ ေလာေလာဆယ္တြင္ အာဖရိက လယ္သမားမ်ား Information ရယူရန္အတြက္လည္းေကာင္း၊ Citizen Journalist မ်ားအတြက္ Platform တစ္ခုအေနျဖင့္ လည္ေကာင္း၊ စမ္းသပ္အသုံးျပဳလၽွက္ ရွိပါသည္။ Voice စနစ္တြင္လည္း ပရိုဂရမ္ ဘာသာစကားအျဖစ္ Voice XML ကို အသုံးျပဳပါသည္။ Web Content မ်ားကို အသံျဖင့္ ရွာေဖြ အသုံးျပဳနိုင္ေစမည့္ စနစ္ျဖစ္သည္။

မာလီသားတို႔ အေနျဖင့္ အသံျဖင့္ အင္တာနက္ထဲ ဝင္ျခင္း၊ လွည့္ပတ္သြားလာျခင္း၊ ေရြးခ်ယ္ပိုင္ခြင့္မ်ားကို အသံျဖင့္ နားေထာင္ အသုံးျပဳျခင္း စသည္တို႔ကို ျပဳလုပ္နိုင္ၾကပါၿပီ။ Voices စတင္အသုံးျပဳေသာ ဌာနတစ္ခုမွဦ အယ္ဂ်ာဇီးယား သတင္းဌာနျဖစ္ပါသည္။ လြန္ခဲ့သည့္ ႏွစ္ကုန္ပိုင္းက ကင္ညာႏွင့္ ဂါနာနိုင္ငံမ်ားတြင္ ျပဳလုပ္ခဲ့ေသာ ေရြးေကာက္ပြဲမ်ားျဖင့္ ပက္သက္ၿပီး ေအာက္ေၿခ လူတန္းစားတို႔၏ အျမင္ကို အင္တာဗ်ဴးလုပ္ရာ၌ အသုံးျပဳခဲ့ျခင္း ျဖစ္ပါသည္။ ထိုသို႔ အသုံးျပဳနိုင္ရန္ မိုဘိုင္းဖုန္း ဝန္ေဆာင္မွုေပးသည္ Safaricom က အကူညီေပးခဲ့ပါသည္။ အသံျဖင့္ အသုံးျပဳနိုင္သည့္ မိုဘိုင္း အင္တာနက္ စနစ္ေၾကာင့္ အာဖရိက တိုက္သားတို႔သည္ သတင္းဌာနာမ်ားႏွင့္ ဆက္သြယ္၍ သူတို႔အျမင္၊ သူတို႔ရသည့္ သတင္းကို ေျပာနိုင္သည္။ အခ်ိန္ႏွင့္ တစ္ေျပးညီ News Updates မ်ား သိနိုင္ပါသည္။ ထို႔အျပင္ အသံျဖင့္ အသုံးျပဳနိုင္သည္ Twitter စနစ္တစ္မ်ိဳး ျဖစ္ေသာ Tabal ဟူေသာ စနစ္တစ္ရပ္သည္ အာဖရိကတိုက္တြင္ 2012 ႏွစ္ကုန္ပိုင္း၌ ေပၚထြက္လာခဲ့ပါသည္။ Voices သည္ ယခုအခါတြင္ အာဖရိကတိုက္၏ အေမ့ေလ်ာ့ခံျဖစ္ေသာ ေအာက္ေျခလူတန္းစား မိန္းမသားတို႔အား ဉီးတည္ခ်က္ထားၿပီး အလုပ္လုပ္လၽွက္ ရွိပါသည္။ အင္တာနက္ကို အသံျဖင့္ အသုံးျပဳလာနိုင္သည့္အတြက္ ပ်ားေမြးေသာ အာဖရိကသားသည္ ေစ်းကြက္ ခ်ဲ႕ထြင္လာနိုင္သည္။ ယခင္က ပ်ားအုံအနည္းငယ္သာ ေမြးေသာ္လည္း ယခုအခါတြင္ ပ်ားအုံေထာင္ခ်ီ ေမြးလာၿပီး စီးပြားျဖစ္လာသည္။ အင္တာနက္မွ တစ္ဆင့္ ပ်ားရည္ေစ်းေကာင္းရေသာေၾကာင္း ျဖစ္သည္။ အာဖရိကတိုက္၏ စားေသာက္ဖြယ္ရာ ၇၀ ရာႏွုန္းေက်ာ္ကို ထုတ္လုပ္ေနေသာ အမ်ိဳးသမီးမ်ားသည္လည္း မ်ားမၾကာမီတြင္ ယင္းသို႔ပင္ အက်ိဳးျဖစ္ထြန္းလာဖြယ္ ရွိပါသည္။ အသံအင္တာနက္စနစ္ ဖြံ့ၿဖိဳးလာေစရန္အတြက္ World Wide Web Foundation ရွိ အင္ဂ်င္းနီယာမ်ားသည္ Voicesite မ်ား၏ Index ဖြဲ႕စည္း၌ ဝိုင္းဝန္းကူညီလၽွက္ ရွိပါသည္။

အသံျဖင့္ သုံးရသည့္ Website မ်ားသည္ မိုဘိုင္းဖုန္း ဝန္ေဆာင္မွုေပးရာ ဌာန၏ Sever ငယ္မ်ားထဲတြင္ တည္ရွိေနပါသည္။ သို႔ျဖစ္၍ မိုဘိုင္းဖုန္း အသုံးျပဳသူတို႔သည္ အင္တာနက္ကို အလြယ္တကူ ခ်ိတ္ဆက္စရာ မလိုပဲ လက္ထဲရွိ မိုဘိုင္းဖုန္းကို သုံး၍ Voicesite မ်ားကို ခ်ိတ္ဆက္ အသုံးျပဳေစနိုင္ပါသည္။ ယင္းစနစ္သည္ ကမၻာတစ္လႊားရွိ စာမတက္ ေပါမ်ားေသာ နိုင္ငံမ်ားတြက္ အက်ိဳးရွိပါလိမ့္မည္။ သို႔ေသာ စီးပြားေရး လုပ္ငန္းႀကီးမ်ား၊ အက်ိဳးျမတ္ယူေသာ အဖြဲ႕စည္းမ်ား ပါဝင္လာမွသာ ေငြေၾကးကိစၥမ်ား အဆင္ေျပပါလိမ့္မည္။ အိႏၵိယနိုင္ငံကဲ့သို႔ ဟင္ဒီဘာသာ စကားေျပာသူ သန္းတစ္ေထာင္ခန႔္ရွိေသာ နိုင္ငံမ်ိဳးတြင္ ယင္းစနစ္ကို စီးပြားျဖစ္ တည္ေထာင္ရန္ ခက္ခဲမည္ မဟုတ္ပါ။ သို႔ေသာ ဘာသာစကားမ်ိဳးစုံ ေျပာသည့္ နိုင္ငံမ်ား၊ ဘာသာ စကားတစ္မ်ိဳးတည္း သုံးေသာ္လည္း မိုဘိုင္းဖုန္း သုံးစြဲသူဉီးေရ နည္းသည့္ နိုင္ငံမ်ားတြင္ ယင္းစနစ္သုံးစြဲရန္ အခက္ခဲ ရွိေနပါလိမ့္မည္း ကုလအပါဝင္ ေစတနာရွာ အဖြဲ႕စည္းမ်ားက ဝိုင္းဝန္း ကူညီမွသာ ေအာင္ျမင္ပါလိမ့္မည္။




Credit: All Supporters

Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org


<< Unicode >>

ခေတ်က Information ခေတ်၊ သတင်းအချက်လက်တို့ကို အချိန်နှင့် တစ်ပြေးညီသိမှ ခေတ်ကို တစ်ပြေးညီ လိုက်နိုင်မည်။ ထိုကိစ္စအတွက်လည်း အင်တာနက်က အဆင်သင့်ရှိသည်။ အင်တာနက်ကို မိမိရရ သုံးချင်လျှင် ကွန်ပျူတာ လိုအပ်သည်။ ကွန်ပျူတာ သုံးပြီဆိုလျှင် ကွန်ပျူတာ နည်းပညာကိုပါ သိဖို့ လိုအပ်လာသည်။ သို့သော် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများတွက် သေစာရှင်စာကိုပင် မရေးတက်၊ မဖတ်တက်သူ အတော်များများ ရှိနေသည်။ ထိုသူများအတွက်မူ ကွန်ပျူတာသည် လည်ကောင်း၊ အင်တာနက်သည် လည်ကောင်း အသုံးမဝင်ပါ။ ယခုမှု ခေတ်က ပြောင်းလာသည်။ မိုဘိုင်းဖုန်းသည် ကမ္ဘာနိုင်ငံ အများစုတွင် နေရာယူလာသည်။ ဖုန်းသည် စကားပြောရုံသက်သက် မဟုတ်။ Data တို့ကို သယ်ဆောင် လွှဲပြောင်းနိုင်စွမ်းရှိလာသည်။

မိုဘိုင်းဖုန်းပေါ်မှ နေ၍ အင်တာနက် အသွားအလာလုပ်နိုင်သည်။ ထိုသို့ဆိုလျှင် အဆင်ပြေပြီဟု ထင်ရသည်။ ထင်သာထင် မဝင်ဘူး ကျောင်းအစ်မ ဟုသာ ဆိုရတော့မည်။ မိုဘိုင်းဖိုး ကိုင်တိုင်းလည်း စာမတက်ပါ။ သုံးညမှ ကိုးအထိ ကိန်းဂဏန်းသင်ပေးလျှင် သုံးတက်သည်။ စာမတက်သူတို့အတွက် မိုဘိုင်း အင်တာနက်သည်ပင် အသုံးမဝင်သေး။ ထိုသူတို့အတွက် အသုံးဝင်စေမည့် စနစ်တစ်ရပ်က ရှိသည်။ ယင်းမှာ အသံကို အသုံးပြုသည့် စနစ်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ IBM သည် စာမရေးတက်၊ မဖတ်တက်သူတို့အတွက် အသံကို အသုံပြုပြီး အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို ကြံဆလာပါသည်။ ထိုနည်းပညာကို Voice Based Web ဟု ခေါ်ပါသည်။ အသံကို အသုံးပြုမည့် အင်တာနက် ဆက်သွယ်ရေးကို စတင်မည့် နေရာမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ IBM သည် သူ၏ India Research Lab ( IRB ) ရုံးခွဲကို အသုံးပြု၍ ထိုစနစ်ကို စမ်းသပ်နေသည်။ ဖွံ့ဖြိုးပြီး အဆင့်သို့ မရောက်တရောက် ဖြစ်နေသည်။ အိန္ဒိယ နိုင်ငံမျိုးတွင် မိုဘိုင်းဖုန်း အသုံးပြုမှု လျှင်မြန်စွာ ဖွံ့ဖြိုးတက် လာသောကြောင့် ဖြစ်သည်။ ယနေ့ ကမ္ဘာကို ကြည့်လျှင် ပြည်သူလူထုအတွင်း အင်တာနက် အသုံးပြုရေးအတွက် PC ၏ ထိုဖောက်နိုင်မှုမှာ မိုဘိုင်းဖုန်းကို မမှီပါ။ နည်းပညာ ရှုပ်ထွေးပြီး စျေးကြီးသော PC ကို လူတိုင်း မဝယ်နိုင်ပါ။ စျေးသက်သာပြီး သွားလေရာပါသော မိုဘိုင်းဖုန်းကသာ အင်တာနက်ကို သုံးဖို့ အဓိပ္ပါယ် ပို၍ ပြည့်ဝစေသည်။ ထို့ကြောင့် PC အပေါ်တွင် သုံးသော Web Browser သည် မိုဘိုင်းဖုန်းတွင်လည်း အပြည့်အဝ အလုပ်လုပ်နိုင်စေရန် လိုအပ်လာသည်။ လက်တွေ့တွင် Mobile Web Brower အတော်များများသည် PC အပေါ်က Brower လို Tab များကို ဘေးချင်းယှဉ် မသုံးနိုင်ပေ။ မြင်ကွင်းသေးသေးဖြင့် စခဲ့ရသော မိုဘိုင်းဖုန်းတို့တွင် Browser ကို အဆင်ပြေပြေ သုံးနိုင်ရန် Tab များကို ထပ်တင်ထားရသောကြောင့် ဖြစ်သည်။ ထို့အပြင် Mobile Web Browser အများစုသည် အင်တာနက်အပေါ်မှာ Web Page များကို မသိမ်းဆည်းနိုင်ပေ။

Stroage အရွယ်အစားသေးသေးဖြင့် စတင်ခဲ့ရသော မိုဘိုင်းဖုန်းများအတွက် ထိုအရည်အသွေးကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ Spoken Web ဟု ခေါ်သော Voice Based Web ဟုလည်း ခေါ်သော နည်းပညာသည် ဒေသခံ ပြည်သူများအား အသံးဖြင့် အင်တာနက် သုံးစွဲနိုင်ရုံ မက၊ သူတို့ဘာသာ အင်တာနက် Content များ ဖြည့်သွင်းခြင်း၊ ကိုယ်ပိုင် Website များတည်ဆောက်ခြင်းတို့ကိုလည်း အသံဖြင့် လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။ အရောင်းအဝယ် အားပြုမည့် e-commerce site များကို အသံကို အားပြုပြီး အမေးအဖြေ ပြုလုပ်နိုင်လာမည်ဖြစ်သည်။

လောလောဆယ်တွင် အသံဖြင့် အလုပ်လုပ်နိုင်မည့် အင်တာနက်အတွက် စမ်းသပ်နေသည့် ကွန်ပျူတာ ဘာသာ စကားနှစ်မျိုးမှာ Voice XML ( Voice Extensible Markup Language ) နှင့် HSTP ( Hyper Speech Transfer Protocol ) တို့ ဖြစ်ပါသည်။ Spoken Web သည် www ဖြင့် စသော အင်တာနက် ကမ္ဘာတွင် Mirror Site တစ်ခု အနေဖြင့် တည်ရှိနေမည် ဖြစ်သည်။ သို့သော် Internet Network အပေါ်တွင် အခြေပြုမည် မဟုတ်ပဲ Telecom Network အပေါ်တွင် အခြေပြုပါလိမ့်မည်။ Spoken Web ကို အသုံးပြုသူတို့သည် သီးခြား URL ( Uniform Resource Locator ) ဖြင့် ရှိနေသော Voice Site များကို ဖွင့်ကြည့်နိုင်ပါမည်။ အဆိုပါ ဆိုဒ်မျိုးကိုလည်း ဖန်တီးနိုင်ပါမည်။ အင်တာနက်အပေါ်တွင်လည်း ငွေကြေးလွှဲပြောင်းနိုင်မည် ဖြစ်ပါသည်။

အသံဖြင့် ဖန်တီးသော အင်တာနက်နယ်မြေကို World Wide Telecom Web ဟု ခေါ်ပါသည်။ ယင်း Website တို့ကို အသုံးပြုရန်အတွက်လည်း ဖုန်းဆက်ခ မပေးရပဲ အင်တာနက် အသုံးပြုခသာ ပေးရသည့် ဖုန်းနံပါတ် Toll-Free Number တစ်ခု ရရှိပါမည်။ အသံကို မှတ်သာသိရှိသည့် စနစ်ဖြင့်သော်လည်ကောင်း၊ ဖုန်း၏ Dial Tone ကို အသုံးပြုသည့် စနစ်ဖြင့်သော်လည်ကောင်း၊ အဆိုပါ ဝက်ဆိုဒ်များကို အသုံးပြုနိုင်ပါသည်။ Sever အပေါ်တွင် တင်ပေးထားသော Template များကို အသုံးပြု၍ မိုဘိုင်းဖုန်း သုံးစွဲသူသည် Voice Website များကို ဖန်တီးနိုင်ပါသေးသည်။ VoiceSite များသည် World Wide Web ဖြင့် ချိတ်ဆက်ထားပါသည်။

သို့သော World Wide Web ပေါ်တွင် ရှိသော Site များကို ကြည့်နိုင်ရန် ကိစ္စမှု ယင်းတို့ကို Spoken Interface ကို အထောက်ပံ့ပြုသည့် အနေအထားသို့ ပြောင်းလဲထားရပါမယ်။ သို့တည်မဟုတ် Voice XML ကိုလည်း အသုံးပြုနိုင်မည်။ အိန္ဒိယနိုင်ငံရှိ IBM Lab သည် Information ရယူလိုသော User များမှနေ၍ ငွေအလွှဲအပြောင်း လုပ်လိုသော User များအထိ အဆင်ပြေစေနိုင်မည့် Spoken Web ကို တည်ထောင်နိုင်ရန် စိတ်အားထက်သန်နေပါသည်။ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် လယ်သမားတို့သည် သူတို့၏ ထုတ်ကုန်များအတွက် အကောင်းဆုံး စျေးနှုန်းရရှိမည့် စျေးကွက်ကို ရှာဖွေ နိုင်ပါသည်။ တံငါသည်တို့သည်လည်း ပင်လယ်ပြင်သို့ မထွက်မှီ ရာသီဉတု အခြေနေကို သိရှိနိုင်ပါလိမ့်မည်။ ကုန်စုံဆိုင်တို့သည် ဆိုင်တွင် တင်ရောင်းသော ပစ္စည်များနှင့် ယင်းတို့၏ စျေးနှုန်းကို ပြသနိုင်ပါလိမ့်မည်။

ကုန်ပစ္စည်း ထုတ်လုပ်သူတို့သည် မိမိတို့၏ ထုတ်ကုန်နှင့် ပက်သက်ဖွယ်ရှိသော လူတစ်ဉီးစီသို့ သက်ဆိုင်ရာ ကြေငြာများ ပို့နိုင်ပါလိမ့်မည်။ Spoken Web ကို အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ကြိုးပမ်းနေသည် မဟုတ်ပါ။ အာဖရိကတိုက်ရှိ မာလီနိုင်ငံကို အခြေပြုလျှက် အာဖရိက အနောက်ခြမ်း နိုင်ငံအားလုံး အသုံးပြုရန် ဆောင်ရွက်လျှက် ရှိပါသည်။ ထို Project အတွက် အထောက်အပံ့ပေးသူမှာ European Commision ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းကို Voice ဟု ခေါ်ပါသည်။ လောလောဆယ်တွင် အာဖရိက လယ်သမားများ Information ရယူရန်အတွက်လည်းကောင်း၊ Citizen Journalist များအတွက် Platform တစ်ခုအနေဖြင့် လည်ကောင်း၊ စမ်းသပ်အသုံးပြုလျှက် ရှိပါသည်။ Voice စနစ်တွင်လည်း ပရိုဂရမ် ဘာသာစကားအဖြစ် Voice XML ကို အသုံးပြုပါသည်။ Web Content များကို အသံဖြင့် ရှာဖွေ အသုံးပြုနိုင်စေမည့် စနစ်ဖြစ်သည်။

မာလီသားတို့ အနေဖြင့် အသံဖြင့် အင်တာနက်ထဲ ဝင်ခြင်း၊ လှည့်ပတ်သွားလာခြင်း၊ ရွေးချယ်ပိုင်ခွင့်များကို အသံဖြင့် နားထောင် အသုံးပြုခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြပါပြီ။ Voices စတင်အသုံးပြုသော ဌာနတစ်ခုမှဦ အယ်ဂျာဇီးယား သတင်းဌာနဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက ကင်ညာနှင့် ဂါနာနိုင်ငံများတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများဖြင့် ပက်သက်ပြီး အောက်ခြေ လူတန်းစားတို့၏ အမြင်ကို အင်တာဗျူးလုပ်ရာ၌ အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ အသုံးပြုနိုင်ရန် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသည် Safaricom က အကူညီပေးခဲ့ပါသည်။ အသံဖြင့် အသုံးပြုနိုင်သည့် မိုဘိုင်း အင်တာနက် စနစ်ကြောင့် အာဖရိက တိုက်သားတို့သည် သတင်းဌာနာများနှင့် ဆက်သွယ်၍ သူတို့အမြင်၊ သူတို့ရသည့် သတင်းကို ပြောနိုင်သည်။ အချိန်နှင့် တစ်ပြေးညီ News Updates များ သိနိုင်ပါသည်။ ထို့အပြင် အသံဖြင့် အသုံးပြုနိုင်သည် Twitter စနစ်တစ်မျိုး ဖြစ်သော Tabal ဟူသော စနစ်တစ်ရပ်သည် အာဖရိကတိုက်တွင် 2012 နှစ်ကုန်ပိုင်း၌ ပေါ်ထွက်လာခဲ့ပါသည်။ Voices သည် ယခုအခါတွင် အာဖရိကတိုက်၏ အမေ့လျော့ခံဖြစ်သော အောက်ခြေလူတန်းစား မိန်းမသားတို့အား ဉီးတည်ချက်ထားပြီး အလုပ်လုပ်လျှက် ရှိပါသည်။ အင်တာနက်ကို အသံဖြင့် အသုံးပြုလာနိုင်သည့်အတွက် ပျားမွေးသော အာဖရိကသားသည် စျေးကွက် ချဲ့ထွင်လာနိုင်သည်။ ယခင်က ပျားအုံအနည်းငယ်သာ မွေးသော်လည်း ယခုအခါတွင် ပျားအုံထောင်ချီ မွေးလာပြီး စီးပွားဖြစ်လာသည်။ အင်တာနက်မှ တစ်ဆင့် ပျားရည်စျေးကောင်းရသောကြောင်း ဖြစ်သည်။ အာဖရိကတိုက်၏ စားသောက်ဖွယ်ရာ ၇၀ ရာနှုန်းကျော်ကို ထုတ်လုပ်နေသော အမျိုးသမီးများသည်လည်း များမကြာမီတွင် ယင်းသို့ပင် အကျိုးဖြစ်ထွန်းလာဖွယ် ရှိပါသည်။ အသံအင်တာနက်စနစ် ဖွံ့ဖြိုးလာစေရန်အတွက် World Wide Web Foundation ရှိ အင်ဂျင်းနီယာများသည် Voicesite များ၏ Index ဖွဲ့စည်း၌ ဝိုင်းဝန်းကူညီလျှက် ရှိပါသည်။

အသံဖြင့် သုံးရသည့် Website များသည် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးရာ ဌာန၏ Sever ငယ်များထဲတွင် တည်ရှိနေပါသည်။ သို့ဖြစ်၍ မိုဘိုင်းဖုန်း အသုံးပြုသူတို့သည် အင်တာနက်ကို အလွယ်တကူ ချိတ်ဆက်စရာ မလိုပဲ လက်ထဲရှိ မိုဘိုင်းဖုန်းကို သုံး၍ Voicesite များကို ချိတ်ဆက် အသုံးပြုစေနိုင်ပါသည်။ ယင်းစနစ်သည် ကမ္ဘာတစ်လွှားရှိ စာမတက် ပေါများသော နိုင်ငံများတွက် အကျိုးရှိပါလိမ့်မည်။ သို့သော စီးပွားရေး လုပ်ငန်းကြီးများ၊ အကျိုးမြတ်ယူသော အဖွဲ့စည်းများ ပါဝင်လာမှသာ ငွေကြေးကိစ္စများ အဆင်ပြေပါလိမ့်မည်။ အိန္ဒိယနိုင်ငံကဲ့သို့ ဟင်ဒီဘာသာ စကားပြောသူ သန်းတစ်ထောင်ခန့်ရှိသော နိုင်ငံမျိုးတွင် ယင်းစနစ်ကို စီးပွားဖြစ် တည်ထောင်ရန် ခက်ခဲမည် မဟုတ်ပါ။ သို့သော ဘာသာစကားမျိုးစုံ ပြောသည့် နိုင်ငံများ၊ ဘာသာ စကားတစ်မျိုးတည်း သုံးသော်လည်း မိုဘိုင်းဖုန်း သုံးစွဲသူဉီးရေ နည်းသည့် နိုင်ငံများတွင် ယင်းစနစ်သုံးစွဲရန် အခက်ခဲ ရှိနေပါလိမ့်မည်း ကုလအပါဝင် စေတနာရှာ အဖွဲ့စည်းများက ဝိုင်းဝန်း ကူညီမှသာ အောင်မြင်ပါလိမ့်မည်။




Credit: All Supporters


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )             www.htarwaiethar.org

0 comments:

Post a Comment

လာေရာက္အားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အဆင္မေျပျဖစ္ခဲ့ရင္ ခြင့္လြတ္နားလည္ေပးပါ။ အဆင္မေျပျဖစ္ပါက Comment ေရးခဲ့ႏုိင္ပါသည္။ လုိအပ္မႈတစ္ခုခု ရွိပါက C-Box တြင္ Message ထားခဲ့ႏုိင္ပါသည္။

ကၽြန္ေတာ္ရဲ႕ Blog ေရးေဖာ္၊ ေရးဖက္ ညီအစ္ကိုမ်ားနဲ႔ ဆက္သြယ္ခ်င္ရင္ေတာ့

ကိုျမတ္ း mckomyat@gmail.com/
ကိုကိုေဇာ္ း kokozawbeec@gmail.com/
ေရနီသားၿဖိဳးေလး း yenihackerlay@gmail.com/
ေရႊမိုးညိဳ း kosaimonyo@gmail.com/
ဦးအာကာ း mr.heartbreaker14@gmail.com/
ကိုျပည့္ျဖဳိးေအာင္ း ppa2496@gmail.com/
ကိုျပည့္ျဖိဳးေက်ာ္ း naungnaungn010@gmail.com/
ကုိCopy/Paste း pasterblogger@gmail.com/
ကိုသီဟထုိက္ း thihahtike@gmail.com တို႔ပဲျဖစ္ပါသည္။

Facebook Like Box