ဖုန်းနဲ့ဂစ်တာတီးမယ် Tun-d 2 Free Guitar Tuner V 2.0.2 Apk ~ MICT Garden

ဖုန်းနဲ့ဂစ်တာတီးမယ် Tun-d 2 Free Guitar Tuner V 2.0.2 Apk

         ဘော်ဒါတို့ရေ..ဒီapkလေးကတော့ ဂစ်တာတီးသင်ခါစမှာပဲဖြစ်ဖြစ်..ဂစ်တာကြိုးညှိဖို့ မကျွမ်းကျင်တဲ့အသုံးဝင်မှာပါ..။ ဂီတာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်ပါတဲ့ဆိုတဲ့ လူတွေတောင် Standard Tuning အမှန် ကွက်တိ ရဖို့ မညှိနိုင်ပါဘူး။ ဒီ app လေးနဲ့ ညှိမယ် ဆိုရင်တော့ Standard Tuning အတိုင်း ရနိုင်ပါတယ်။
        ဒီ App လေးဟာ အလွယ်ကူဆုံး၊ အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး ဂီတာကြိုးညှိပေးတဲ့ app ဖြစ်ပါတယ်။ ဖိုင် size က 1 Mb ကျော်ကျော်လေးသာ ရှိပေမယ့် ဂီတာတင်မက ချယ်လို၊ တယော၊ Ukulele ( ကြိုးလေးချောင်းတပ် ဟာဝိုင်ယီ ဂီတာ)၊ ဘန်ဂျို၊ မယ်ဒလင်၊ ခုနှစ်ကြိုးဂီတာ တို့ ကိုပါ ကြိုးညှိပေးနိုင်ပါတယ်။

        Standard Tuning ညှိမလား၊ D key ချညှိမလား၊ Open C ညှိမလား ကြိုက်သလို ညှိနိုင်ပါတယ်။ ဂီတာကြိုးညှိနည်းကတော့ ကိုယ် ညှိချင်တဲ့ Tuning ကို ရွေးပါ။ ပုံမှန်အားဖြင့် Standard Tuning (EAGDBE) ပဲ ညှိမယ်ဆိုရင်တော့ setting မှာ Standard Tuning ကို ရွေးလိုက်ပါ။

        နံပါတ်(1)ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်ဘေးနားက အရမ်းဆူညံသံတွေ မရှိရင် ပိုကောင်းပါတယ်။ ကိုယ်ညှိချင်တဲ့ ဂီတာကြိုးနံပါတ်ကို တစ်ချက် တီးကြည့်လိုက်ပါ။ EAGDBE ဆိုတာ အစဉ်လိုက် ကြိုး ၆၊၅၊၄၊၃၊၂၊၁ ပါ ။

       ကဲ တစ်ကြိုးညှိမယ်ဆိုရင်တော့ E (နောက်ဆုံးက) ၊ တစ်ကြိုးကို တီးလိုက်တာနဲ့  တိုင်းတဲ့ မီတာလေးမှာ အတုံးလေးတွေ ပေါ်လာပါမယ်။ -10,-20 ဆိုပြီး အနုတ်ပဲ ရောက်နေရင် ကြိုးကို တင်းပေးပါ။ အပေါင်းဘက် ရောက်နေရင်တော့ ကြိုးကို လျော့ပေးပါ။ မီတာ တုံးလေး အစိမ်းရောင်ဖြစ်သွားပြီး အလယ်ကွက် ရောက်တဲ့အထိ လိုသလို တင်းလျော့ လုပ်ပါ။ တစ်ကြိုး ညီသွားပြီ ဆိုရင် နှစ်ကြိုး B၊ နောက် သုံးကြိုး G၊ ဒီနည်းအတိုင်းပဲ အလားတူ ညှိပေးပါ။

      ခြောက်ကြိုးလုံး ညှိပြီသွားပြီဆိုရင် ဂီတာတီးကြည့်လိုက်ပါ။ Drop D တို့ ၊ Open C တို့ ကိုလည်း အလားတူ ညှိနိုင်ပါတယ်။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box