Sony Xperia Z2 ကို အလွယ်ကူဆုံး Root လုပ်ပြီး မြန်မာစာ သွင်းနည်းဖြစ်ပါတယ် root လုပ်ဖို့အတွက် Bootloader Unlock လုပ်နေစရာမလိုပဲ လွယ်ကူ အဆင်ပြေစေမဲ့နည်းလမ်း ဖြစ်ပါတယ် မထမဆုံး လိုအပ်တာတွေကို အရင်ဒေါင်းယူလိုက်ပါ။
Sony USB Drivers =Download
Z2-Community RootKit = Download
အားလုံးဒေါင်းပြီးရင်တော့ Sony USB Drivers ကို Zip ဖြည်ပြီးတော့ Pc/laptop မှာ Install လုပ်ပါ ပြီးရင် ဖုန်း Settings ထဲဝင်ပြီးတော့ USB Debugging ကို Enable လုပ်ပါ ဆက်ပြီးတော့ Display ထဲမှ screen timeout ကို 10 minutes ထားပေးပါ၊ ပြီးရင်တော့ Root လုပ်ဖို့ အတွက် ဖုန်းကို Pc/laptop နဲ့ ချိတ်ဆက်ပါ ဒေါင်းထားတဲ့ Z2 Community RootKit ကို Zip ဖြည်ချပြီး အထဲမှာ "runme" ဆိုတဲ့ Batch file ကို double-click နဲ့ Run လိုက်ပါ အောက်ကပုံတွေအတိုင်းအလုပ်လုပ်နေပါမယ်...
အောက်ဆုံးကပုံအတိုင်း “Removing exploit app” ဆိုပြီးပေါ်လာရင်တော့ USB ကြိုးကိုဖြုတ်လိုက်ပါ ဖုန်း Reboot ကျသွားပါမယ် ပြန်တက်လာရင်တော့ SuperSu လေးဖုန်းထဲရောက်နေတာတွေ့ရပါမယ် ဒါဆိုရင်တော့ Root လုပ်ခြင်းပြီးပါပြီ။ စစ်ဆေးကြည့်ချင်သေးရင် Root Checker Apk ကို (ဒီနေရာမှာ)
ဒေါင်းယူပြီး စစ်ကြည့်နိုင်ပါတယ်.
Z2 build numbers 17.1.A.2.55 and 17.1.A.2.69 မှာ စမ်းသပ်ထားပြီးဖြစ်ပါတယ် တခြား build numbers တွေမှာလဲ အဆင်ပြေပါတယ်.
Root လုပ်ပြီးရင်တော့ မြန်မာသွင်းဖို့ သွင်းနည်းများစွာရှိပါတယ် အလွယ်တကူ ထည့်သွင်းပေးမဲ့ smart zawgyi pro apk ကိုအောက်မှာဒေါင်းယူပြီး ဖုန်းထဲ install လုပ်၍ ဖွင့်ပြီးတော့ အောက်ပုံလေးတွေအတိုင်း လုပ်သွားပါက ဖုန်း reboot ကျပြီးပြန်တက်လာရင်တော့ မြန်မာစာကို ကောင်းစွာ မြင်ရပါပြီ။
Smart Zawgyi 3 Batch tool ကိုအသုံးပြုချင်သူတွေကတော့ အောက်မှာ ဒေါင်းယူပြီး မြန်မာစာ ထည့်သွင်းနိုင်ပါတယ်.
Smart Zawgyi 3 =Download
မြန်မာစာ မြင်ရပြီးဆိုတော့ ရေးဖို့အတွက် ကီးဘုတ် ကို (ဒီနေရာမှာ) ဆိုတာကို နိပ်ဝင်ပြီး ကြိုက်ရာ ကီးဘုတ်ကို ဒေါင်းယူနိုင်ပါတယ် အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
(font နဲ့ keyboard များအတွက် သက်ဆိုင်ရာ Developers များကို credit ပေးပါတယ်)
USE IT AT YOUR OWN RISK!!!!













 
 
 
 
 
.png) 
 
 
Sony USB Drivers ကို .ရမ်းလို့မရဘူးဗျ
ReplyDelete