♪ ဆော့ဖ်ဝဲရေးသားသူ လူငယ်များကို တစ်လလျှင် ငါးသောင်းကျပ်ဖြင့် နေရာချထားပေးရန် စီစဉ် ♫ ~ MICT Garden

♪ ဆော့ဖ်ဝဲရေးသားသူ လူငယ်များကို တစ်လလျှင် ငါးသောင်းကျပ်ဖြင့် နေရာချထားပေးရန် စီစဉ် ♫

ေေ   ဆော့ဖ်ဝဲတီထွင် ဖန်တီးလိုသည့် လူငယ်များကို တစ်လလျှင် လူတစ်ဦးစာအတွက် ငါးသောင်းကျပ် သတ်မှတ်၍ မြန်မာအင်ဖိုတက်ခ် နယ်မြေအတွင်း၌ နေရာချထားပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောသည်။
“ရည်ရွယ်ချက်တော့ Incubation Center အနေနဲ့ လုပ်ဖို့ပဲ။ Develop လုပ်ချင်တဲ့လူငယ်တွေ အခန်းနေရာ အတွက် ဈေးသက်သက်သာသာနဲ့ ရစေချင်တဲ့သဘောပါ။ လူတစ်ယောက် ငါးသောင်းကျပ် ဆိုတာကလည်း အကြမ်းဖျင်း သတ်မှတ်ထားတာပါ။ သူ့ထက်လည်းလျော့နိုင်ပါတယ်”ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။

မြန်မာအင်ဖိုတက်ခ်သည် Incubation Center အတွက် ၎င်းတို့ တည်ဆောက်ထားသည့် အဆောက်အဦးသစ်များ၌ အလွှာတစ်လွှာကို မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းထံသို့ ပေးအပ် ထားကြောင်း၊ အဆိုပါ တည်နေရာ၌ လူငယ်များကို နေရာ ချထားပေးနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် လက်အောက်ရှိ Software Industry Development Committee (SIDC) တို့က စီစဉ်နေကြောင်း သိရသည်။ အဆိုပါ Center ၌ အခန်းငယ် များနှင့် နေရာချထားခြင်း၊ အကန့်ငယ်များနှင့် နေရာချထားခြင်း၊ စားပွဲဝိုင်းနှင့် နေရာချထားခြင်း ဟူ၍ သုံးမျိုး ရှိပြီး Center အတွက် ရေ၊ မီး၊ အင်တာနက် အပြင် အစည်းအဝေးအခန်းငယ်များ၊ Conference အခန်းငယ်များ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် Reception နှင့် အခြားသော ဝန်ဆောင်မှုများလည်း ပါဝင်မည်ဟု သိရသည်။

“လူတွေကတော့ အမြဲပြောင်းနေမှာပါ။ နေရာလိုအပ်နေတဲ့ လူငယ်တွေကို သူတို့လုပ်ကိုင်ချင်တဲ့ ပရော ဂျက်တွေ တင်ခိုင်းမယ်။ ဘယ်နှစ်လအတွင်း ပြီးစီးမယ်ဆိုတာမျိုးပေါ့။ ပရောဂျက်ပြီးသွားရင် နောက်လူတွေက ဝင်လာမယ်။ ပရောဂျက် အောင်မြင်တယ်ဆိုရင် နေရာအတွက် တောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ပြီး ချီးမြှင့်တာတွေလည်း လုပ်ပေးဦးမှာပါ။ အစီအစဉ်တွေကတော့ အများကြီးပဲ။ နိုင်ငံခြားက ဆက်သွယ် လာတာတွေ ရှိရင်လည်း ဈေးကွက်ထဲအထိ အဲဒီပရောဂျက်တွေ ရောက်အောင် ချိတ်ပေးဖို့အထိရှိ တယ်”ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။

လူငယ်များအနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း၏ အစီအစဉ်ကို လက်ခံကြိုဆိုသော်လည်း တစ်လလျှင် ငါးသောင်းကျပ် သတ်မှတ်ထားသည်မှာ အနည်းငယ် များပြားကြောင်း၊ လုပ်ငန်းသဘော သဘာဝအရ ညအိပ် လုပ်ကိုင်ဆောင်ရွက်ခြင်းခွင့် ပြု၊ မပြုဆိုသည့် အချက်အလက်များလည်း သိရှိလိုကြောင်း SIDC အဖွဲ့နှင့် တွေ့ဆုံစဉ် Developer များက ပြောဆိုခဲ့သည်။ Center စတင်ဖွင့်လှစ်နိုင်ရန် အတွက် အချိန် ကာလအနေဖြင့် နောက်ထပ် ၆ လခန့် ကြာမြင့်နိုင်ကြောင်း၊ အစီအစဉ်အတွက် အကြမ်းဖျင်း သတ်မှတ်ထား သည့် လူတစ်ဦးလျှင် တစ်လ ငါးသောင်းကျပ် ဆိုသည်မှာလည်း ဝန်ဆောင်ခ အတွက် ကောက်ခံခြင်း သာဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းက ပြန်လည် ပြောဆိုထားသည်။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box