Huawei G610-U00 အတွက် CWM recovery သွင်းနည်းနဲ့ Stock recovery သွင်းနည်း ~ MICT Garden

Huawei G610-U00 အတွက် CWM recovery သွင်းနည်းနဲ့ Stock recovery သွင်းနည်း



အရင်ဦးဆုံး ဒီပို့စ်လေးအတွက် ကိုဖြိုးညီညီ နဲ့ ကိုငလူတို့ကိုcredit ပေးပါတယ်ဗျာ.... သူတို့တွေရဲ့ ကျေးဇူးကြောင့်သာ ဒီပို့စ်လေးဖြစ်လာတာပါ..
ဒီတစ်ခါ Huawei G610-U00 twGuf cwm recovery တင်နည်းနဲ့ 
stock recovery ပြန်ပြောင်းနည်းကို ဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ...stock recovery ကိုပြန်ပြောင်းတဲ့နည်းလေးကိုဖော်ပြရတဲ့
အကြောင်းကတော့ G610-U00 မှာ cwm recovery (custom recovery)
 တင်ပြီးသွားတဲ့အခါမှာ firmware ကို dload folderကိုထူးထည့်ပြီး
တင်နည်းနဲ့လုံးဝတင်လို့မရတော့ပါဘူး...သာမန်အရတော့အဲဒီလိုနည်းနဲ့
တင်လို့ရပေမယ့် အခု ဒီG610-U00 မှာတော့မရတော့ပါဘူးဗျာ...
volume down+volume up+power ကို နှိပ်လိုက်တဲ့အခါမှာ.. cwm mode ထဲကိုပဲရောက်သွားပြီးတင်လို့မရတော့ပဲဖြစ်တတ်လို့ပါ။ အဲဒါကြောင့်
stock recovery ကိုပြန်ပြောင်းထားမှအဆင်ပြေမှာဖြစ်ပါတယ်။ 
အခုဒီနည်းလေးနဲ့ပဲ G610-U00(B121 and B127)ကိုစမ်းကြည့်တာ
အဆင်ပြေပါတယ်..G610 အမျိုးအစားထဲကအခြား build number
တွေမှာရမရတော့  မသိပါ..ပျက်သွားမှာ မစိုးရိမ်ရင်တော့ 
စမ်းကြည့်နိုင်ပါတယ်ခင်ဗျာ...
အခန့်မသင့်ပါက firmware တက်မလာခြင်း၊ firmware ပြန်တင်မရခြင်းများ ဖြစ်တတ်ပါတယ်ဗျာ သတိပေးတာနော် . . .
ကဲ..........စလိုက်ကြရအောင်ဗျာ...... G610-U00 ကို recovery  
တင်ဖို့အတွက် G610 CWM Recovery နဲ့ Mobileuncletool.apk 
ပြီးတော့ Mobileuncle Tool ၊ အဲဒီ(၃)ခုတို့ကို
 အရင်ဒေါင်းလိုက်ပါနော်...... အောက်ဆုံးက G610 CWM-Stoke Recovery
ဆိုတဲ့နေရာမှာဒေါင်းလိုက်ပါဗျာ............ဒေါင်းပြီးပြီဆိုရင် G610 CWM-Stoke Recovery
  ဆိုတဲ့ RAR ကိုဖြည်လိုက်ပါ...နောက်ထပ် G610 CWM Recovery ကိုထပ်ဖြည်လိုက်ပါ အဲဒီထဲက
ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို sd card ထဲကိုကူးထားပါ. ပြီးရင်
နောက်ထပ် mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပြီး
သွင်းလိုက်ပါ..အဲဒီ Mobileuncle Tool ကိုဖွင့်သုံးပြီး အောက်ကပုံမှာ
ပြထားတဲ့အတိုင်း (ပုံ-၄)  ဆိုတဲ့အဆင့်ထိရောက်အောင်အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါဗျာ.....
 (ပုံ-၁)
 (ပုံ-၂)
 (ပုံ-၃)
(ပုံ-၄)
(ပုံ-၄)ထိလုပ်ပြီးပြီဆိုရင် ဖုန်းက reboot 
ကျသွားပြီးCWM Recovery သို့ရောက် သွားမှာဖြစ်ပါတယ်...
အဲဒါဆိုရင်တော့ cwm တင်လို့ပြီးပါပြီ......stock recovery
 ပြန်ပြောင်းချင်တယ်ဆိုရင်တော့အပေါ်ကအဆင့်တွေအတိုင်းပြန်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ.....ကဲအောက်မှာလိုအပ်တာ
တွေအားလုံးဒေါင်းနိုင်ပါတယ်ခင်ဗျာ.... 
 
 
ကိုမြတ် (BE Mechatronics)

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box