အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့ Case နောက်ဖက်မှာမြင်တွေ့ ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့မှာ standard color နဲ့ standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့မိုဆို သူတို့ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့ size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..
PS/2 port(keyboard)
အပြာရောင်နဲ့pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ကွန်ပျူတာ ချိတ်ဆက်ဖို့ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့ လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့အတွက် အသံသွင်းဖို့အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့motherboard တွေမှာတော့ မပါပါဘူး..
Motherboard ပေါ်ရှိ Switch panel

Motherboard ပေါ်မှာ ရှိတ့ switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ဘေးနားမှာ ငုတ် အနေအထားရဲ့ပုံစံအတိုင်း စာလေးနဲ့ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)
RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ရေးတတ်သလို IDE LED လို့လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..

POWER SW(PWR)- ဆိုတာ ကျွန်တော်တိုစက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့်မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့ အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့ H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့အနေအထားပုံစံတွေကို သိဖို့လိုပါတယ်..power LED တို့Hard disk LED တို့ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..
ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
Posted By
<< HTAR WAIE THAR >>
Ko Ko Zaw ( BE-EC ) www.htarwaiethar.blogspot.com
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။