Huwwei Y 320 , Y 325 တို့မှာ မြန်မာစာ မှန်ကန်ဖို့အတွက် ~ MICT Garden

Huwwei Y 320 , Y 325 တို့မှာ မြန်မာစာ မှန်ကန်ဖို့အတွက်















အီးမေးလ်မှာ အကူညီတောင်းထားလို့ ကျွန်တော့်ဘလော့ဂ်မှာ ရေးထားတာလေး ပြန်ရေးပေးလိုက်ပါတယ်။

ကျွန်တော် မနေ့ကမှ ဒီပြဿနာကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

သူငယ်ချင်း တစ်ယောက်က ဖုန်းလေး တစ်လုံး မြစ်ကြီးနားက ဝယ်လာပြီး လိုအပ်တာလေးတွေ လုပ်ပေးဖို့ ကျွန်တော့်ကို ပေးတာပေါ့။ ( ဒါက ထုံးစံပဲပေါ့နော့် )

ကျွန်တော်လည်း ဟိုကလိ ဒီကလိလုပ်ရပါတယ်။ ( ဘာရယ်မဟုတ်ပါဘူး။ ကိုယ်က ဖုန်းမရှိတော့ ဒီလိုမျိုး ကိုယ့်ကို ဖုန်းလာအပ်ရင် လိုက်စပ်စုရတာ ဝါသနာပါလို့ပါ။ )

Setting > About Phone ကို ရှိုးတာပေါ့။ Model က Y325-U00 , Android 2.3.6

စကရင်မှာ Super User မှာ တွေ့မလားလိုက်ရှာတာ တွေ့ပါတယ်။ ဒါဆိုရင် ဖုန်းက Root ပြီးသားဆိုတာ သေချာသလောက်ရှိနေပြီ။

ထပ်သေချာအောင် Super ကို ဝင်ကြည့်လိုက်တော့ Root Access ရထားသော ဆော့ဝဲလ်တွေ တွေ့တာမို့ ဒါဆိုရင်တော့ ကိုယ်က အတော်ကို သက်သာသွားပြီပေါ့။

ဟုတ်တယ်လေ။ ဖုန်းက Root လုပ်ပြီးသားဆိုတော့ မြန်မာစာတို့ ဘာတို့က အေးဆေးလေးလုပ်လို့ရတာကိုး။

မြန်မာစာရိုက်ဖို့လည်း Frozen Keyboard လေးကပါပြီးသားဗျ။

သို့သော်လည်းပေါ့။

မြန်မာစာတွေက တိုင်ပတ်နေပါတယ်။

ရိုက်ကြည့်တော့ အလွဲတွေထွက်နေတယ်ဗျ။

ရိုက်တာကပဲလွဲသလားဆိုတော့ မဟုတ်ဘူး။ စောက်ရှောက်ရေးဆော့ဝဲလ်ကို ဖွင့်လိုက်တော့လည်း မြန်မာစာ အလွဲတွေပဲ ထွက်နေပါတယ်။

ဒါဆိုရင် မြစ်ကြီးနားက ဆရာတွေ မြန်မာစာထည့်တာ နည်းနည်းလွဲပြီပေါ့။

ဒါနဲ့ ကျွန်တော်မြန်မာစာ ထည့်သွင်းဖို့ ကြိုးစားပါတယ်။

Smart Zawgyi , Zawgyi Font Changer စသော ဆော့ဝဲလ်တွေနဲ့ ထည့်တာ အရင်လိုပဲ မြန်မာစာက လွဲနေပါတယ်။

ဒါနဲ့ နောက်နည်းတွေ စဉ်းစားရတာပေါ့။

 ဒါနဲ့ Android Version အနိမ့်ဆိုတော့ ကျွန်တော် Font Changer Lite ကို သွားသတိရမိပါတယ်။

ဟုတ်တယ်ဗျ။

ကျွန်တော် Font Changer Lite နဲ့ ရှိုင်းတာရသွားတယ်။




ကျွန်တော့်လိုမျိုး ပြဿနာ ဖြစ်ပါက မိမိဖုန်းက Root Access ရှိရပါမယ်။ မရှိရင် V Root နဲ့ Root လုပ်လိုက်နော့်။ အောက်မှာ မြန်မာစာ ထည့်နည်း အဆင့်ဆင့်ကို ဖော်ပြထားပါတယ်။


၁) လိုအပ်တာလေးတွေကို ဒေါင်းလုပ်ခ်ရယူပါ။

Download ( 2.41 MB )    


၂) ဒေါင်းလို့ရလာသော ဖိုင်ကို Win Rar Software ကို အသုံးပြုပြီး ဖြည့်ထုတ်လိုက်ပါ။

၃) ကျွန်တော်ပေးထားတာ Busy Box.apk, Font Changer Lite.apk , Smart Zawgyi.ttf  အဲ့ဒီသုံးဖိုင်ကို ဖုန်းထဲကို ကူးလိုက်ပါ။

၎) Busy Box ကို Install လုပ်ပါ။ Super User တက်လာပါတယ်။ Allow လုပ်ပေးလိုက်ပါ။

၅) Font Changer Lite ကို Install လုပ်ပါ။ Super User တက်လာပါမည်။ Allow လုပ်ပေးလိုက်ပါ။ Font Changer Lite  Reflesh ဖြစ်သည့် အထိစောင့်ပါ။ ဘာဖောင့်မှ မရှိကြောင်း ပြောပါလိမ့်မည်။ ပြီးရင် Font Changer Lite ကို ပိတ်လိုက်ပါ။

၆) Font Changer Lite ကို ဖုန်းမှာ Install လုပ်ထားတာမို့ Phone > SD Card > မှာ .fontschanger ဆိုသော ဖိုဒါလ်လေး ရှိနေပါတယ်။ သို့သော်လည်း ဖုန်းမှာ မူရင်းပါတဲ့ ES File Explorer , File Manager တို့က အဲ့ဒီ ဖိုဒါလ်ကို မမြင်ရပါဘူး။

၇) ကျွန်တော်ကတော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါတယ်။ အဲ့ဒီ .fontchanger Folder လေးထဲကို SmartZawgyi.ttf ဖိုင်းလေးထည့်ပေးရမှာပါ။ ကွန်ပျူတာ မသုံးချင်ရင် ဖုန်းမှာ Root Explorer , Dual File Manager စသော ဆော့ဝဲလ်တွေအသုံးပြုရင်လည်းရပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ပဲ ကစ်လိုက်ပါတယ်။

၈ ) ဖုန်းကို ကွန်ပျူတာကနေပြီး ဖြုတ်လိုက်ပါ။ ဖုန်းမှာ Font Changer Lite ကို ဖွင့်လိုက်ပါ။ SmartZawgyi ဆိုတာလေးကို တစ်ချက်နှိပ်လိုက်ပါ။ Apply တွေဘာတွေကို နှိပ်လိုက်ပါ။ နောက်ဆုံး ဖုန်းကို Reboot လုပ်ဖို့ ပြောပါမယ်။ Reboot ကို တစ်ချက်နှိပ်ပေးပါ။ နောက် ဖုန်းပြန်တက်လာပါက ဖုန်းမှာ မြန်မာစာ မှန်နေတာ တွေ့ရပါမယ်။

၉) ဒါမှ မမှန်သေးရင် ဖုန်းမှာ FontChangerLite ကို ပြန်ဖွင့်ပါ။ Menu ကို တစ်ချက်နှိပ်၊ Advanced ကို နှိပ်၊ DroidSansThai.ttf ကို ရှာပြီး တစ်ချက်နှိပ်၊ Set ကို ရွေး၊ နောက် SmartZawgyi.ttf ကို ရွေးပေးလိုက်ပါ။ လုပ်ဆောင်ချက်တွေ ပြီးသွားပါက ဖုန်းကို Reboot လုပ်လိုက်ပါ။ ဖုန်းပြန်တက်လာပါက မြန်မာစာ အမှန်ကို မြင်ရပါမယ်။


ကျွန်တော် စမ်းသပ်သော စက်မှာတော့ နံပါတ် ၈ မှာတင် အဆင်ပြေသွားပါတယ်။




<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box