Samsung Phone Home Screen lock ချပြီးပြန်ဖွင့်ဖို့နည်းလမ်း ~ MICT Garden

Samsung Phone Home Screen lock ချပြီးပြန်ဖွင့်ဖို့နည်းလမ်း

တခြားသူက မသိပဲ မှားနှိပ်ပစ်လိုက်တာတို့အတွက် အသုံး ၀င်မှာပါ
 ဒီပို့စ်လေးကို တင်လိုက်ဖို့ ရည်ရွယ်ထားတာလည်းတော်တော် ကြာနေပါပြီ
အခုမှတင်ဖြစ်တာပါ
ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်ပါတ်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ Phone လေး က Home Screen lock ထားပြီး သူ့ညီမလေးက မသိပဲ နှိပ်လိုက်တာ နောက်ဆုံး စက္ကန့်သုံးဆယ်မှာလည်း သူမမှီလိုက်တော့ဘူး
အဲ့ဒါနဲ့ ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်းခေါ်ပါသေးတယ်
ပြင်ပေးဖို့လေ
ဟီးဟီး ကြုံ တုံး နည်းနည်းလောက်ကြွားလိုက်ဦးမယ်
ကျွန်တော်က လက်ထဲ ဖုန်းရောက်ရင် ကလိနေကျဆိုတော့ နည်းနည်းတော့ ကျွမ်းတာပေါ့ဗျာ
ဖုန်းခေါ်ထားတာက မနက် 9 နာရီကျော်ကျော်က ဒီက ကာလနဂါး ဘိုးအေလေးက  အိပ်လိုက်ရင်လည်း ဆင်နင်းတောင် နိုးတာ မဟုတ်ဘူး အဲ့နေ့က နိုးတော့ ညနေ 6 နာရီထိုးပြီးနေပြီ
အပြစ်တော့ မဆိုနဲ့ဦးနော် စာမေးပွဲ ဖြေထားတာဆိုတော့ ညတိုင်းအိပ်ရေးပျက်တယ်ဗျ
တော်တော်နဲ့ မအိပ်ရဘူး မနက် 5 ခွဲလောက်မှ ပုံမှန်အိပ်ဖြစ်တယ်
အဲ့တော့ အိပ်ယာထ နောက်ကျနေပြီပေါ့ဗျာ
(အဲပေါ်ကုန်ပြီ . . . . . ဖုံးထားမှ ဟီးဟီး)
ထားလိုက်ပါတော့

အဲ့ဒါနဲ့ ဆိုင်မှာ သွားပြင်လိုက်တာ 5000 ပေးလိုက်ရတယ် . . .. .  ဒီလိုဆိုတော့လည်း အခုပြောပြမယ့် နည်းပညာက 5000 တောင်တန်နေပြီနဲ့တူတယ် . .. . . :D

ကျွန်တော် ပြောပြမှာကတော့ Samsung Phone တွေအတွက်ပဲ အသုံးဝင်လောက်ပါတယ်
ဘာလို့လဲ ဆိုတော့ ဟာဝေးလ် ရဲ့ key ကို ကျွန်တော်မသိလို့ပါ
ကျွန်တော်ကိုင်ထားတာက Samsung Galaxy Ace အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒါလေးနဲ့ပဲ ကလိနေရတာပေါ့ဗျာ
သူများတွေလိုတော့ တန်ဖိုးကြီးဖုန်းတွေကို အိမ်က၀ယ်ပေးဘူးဗျ

အကယ်လို့ ဒီ ဘလော့ထဲကို လာလည်နေတဲ့ သူငယ်ချင်းတွေထဲက သိတဲ့ သူရှိရင်လည်း ကျွန်တော့်အကောင့် straybirdlay@gmail.com ကို မေးလ် ပို့ပြီးပြောပြပေးပါလို့ တောင်းဆိုပါတယ်
ပို့ပေးလာသူကိုလည်း credit  ပေးပါ့မယ်

Home Screen Unlock  ကိုဖြေဖို့ အစတုန်းက နည်းလမ်း ၂ ခုကိုပဲ သိတာ
အခုနောက်ပိုင်းကလိပါများတော့ နောက်ထပ်တစ်ခုကို ထပ်တွေတယ်ဗျာ

အခု အဲ့နည်းလမ်းသုံးခုလုံးကို ပြောပြပေးသွားပါ့မယ်

နည်းလမ်း ၁

ဒီနည်းလမ်း ကတော့ Internet ဆက်ထားဖို့ လိုတယ်ဗျ

password ထားတဲ့ အောက်နားက emergency  call နဲ့ forgot  pattern? ဆိုတာလေးပေါ်လာတာပေါ့
ကျွန်တော်က password ကို pattern ထားပြီး လုပ်ထားလို့ forgot  pattern? ဆိုတာ ပေါ်လာတာပါ
သူငယ်ချင်းတို့ အခြား password ကိုထားရင် forgot - - - - - - ဆိုပြီးပေါ်ပါလိမ့်မယ်
အဲ့ ဒါလေးကို နှိပ်လိုက်ဗျာ
ကျွန်တော်ကတော့ forgot  pattern? ပေါ်တော့ အဲ့ဒါကို နှိပ်တာပေါ့ဗျာ
အဲ့မှာ Phone ထဲမှာ ရှိတဲ့ G-Mail အကောင့်လေးကို ဖြည့်ပေးပြီး ၀င်လိုက်တော့ဗျာ အဲ့မှာ user name နဲ့ password မှန်ရင် တော့ နောက်ထပ် အသစ်လုပ်မယ့် password ကို Phone က auto ပေးပါလိမ့်မယ်
သြော်ဒါနဲ့ အကောင့်ထည့်နေရင် အင်တာနက် ကို ဖွင့်ပေးရမယ်နော်
ဖွင့်နည်းကတော့ လွယ်ပါတယ်
power key လေးကို ကြာကြာ ဖိထားလိုက်ရင် အဲ့မှာ data on နဲ့ data off ပါလာတာ သူငယ်ချင်းတို့တည်း သိပါလိမ့်မယ်နော်
ကဲ နည်းလမ်း ၁ လေးတော့ ပြီးပါပြီ

နည်းလမ်း ၂

အင်တာနက် မချိတ်ထားလို့ စိတ်ပူမနေပါနဲ့ သူငယ်ချင်းလေး
ဒီနည်းလမ်းလေးကို သုံးကြည့်လိုက်ပါ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီးတော့ပေါ့
တခြားဖုန်းကနေ Screen lock ကျနေတဲ့ ဖုန်းကို ခေါ်ခိုင်းလိုက်ပါ
 Screen lock ကျနေပေမယ့်လည်း ဖုန်းတော့ ကိုင်လို့ရနေပါတယ်
အဲ့ဒါတော့ သူငယ်ချင်းတို့လည်းသိမှာပါ
အဲ့ဖုန်းကို ကိုင်လိုက်ပါ
ကိုင်ပြီးတော့ Phone ပေါ်ကနေ back key လေးကို နှိပ်ပြီးတော့ အရင်က Screen lock ကို ပြန်ဝင်ပြင်လည်း ရပါတယ်
Screen lock ကို မလုပ်တက်ရင်လည်း Menu >>> Setting >>>  location and security change >>> screen lock အဲ့မှာ မူလ password အဟောင်းလေးကို အရင်ရိုက်ထည့်ပြီး နောက်တစ်ခုကို ပြောင်းလိုက်တော့ပေါ့ဗျာ
ကဲ နည်းလမ်း ၂ လေးလည်းပြီးသွားပါပြီ

နည်းလမ်း ၃

ဒီဟာလေးကတော့ ကျွန်တော် စမ်းရင်းတွေ့တာလေးပေါ့
အရင်ဦးဆုံး ဖုန်းကို power off လိုက်ပါ
ဒါမှမဟုတ်ရင်လည်း နောက်က cover ဖြုတ်ပြီး ဘက်ထရီကို ဆွဲဖြုတ်ပစ်လိုက်ပေါ့ဗျာ
ပြီးရင်တော့ phone ကနေပြီးတော့  power နဲ့ home key ကို တစ်ပြိုင်နက်ထဲ ဖိပြီး နှိပ်ထားလိုက်ဗျာ
အောက်စာတန်းလေးတွေ ပေါ်လာတဲ့အထိအောင် ဖိထားလိုက်ဗျာ
ဘာမှမကြောက်နဲ့
ပေါ်လာရင်တော့ လွှတ်လိုက်တော့ဗျာ 

reboot system now
apply update from sdcard
wipe data/factory reset
wipe cache partition
အဲ့စာတန်းလေးတန်းထဲကနေ 
တတိယမြောက် wipe data/factory reset ဆိုတာလေးကို ရောက်အောင် ဘေးနားက volume down key ကိုဖိပြီးရောက်အောင်သွားလိုက်ဗျာ
ရောက်သွားရင် home key ကိုဖိပြီး ၀င်လိုက်တော့ဗျာ
အဲ့ဒါဆိုတော့ အောက်ကအတိုင်းပေါ်လာပါပြီ

test redbend fola[fs]
No
No
No
No
No
No
No 
Yes -- delete all user data
No
No
No

ဒီအထဲမှာ No တွေကို ဘာမှ မလုပ်နဲ့ဗျာ
Yes -- delete all user data
ဆီ ကို အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း  volume down key ကို တစ်ချက်ဆီ ဖိပြီး ရောက်အောင်သွားလိုက်ဗျာရောက်သွားရင် home key ကိုဖိလိုက်တော့
အဲ့ဒါဆိုရင် Home Screen lock မပြောနဲ့ ဖုန်းထဲမှာ ရှိသမျှ data တွေ အကုန်လုံး ပျက်သွားလိမ့်မယ်
နောက်ထပ်သွင်းထားတဲ့ app တွေနဲ့ game တွေပေါ့ဗျာ
ပြန်သွင်းပေါ့နော့်
အဲ့ဒါဆိုရင် ဖုန်းက အစ၀ယ်ခဲ့သလို ဖြစ်သွားပါပြီ

ကဲ ဒီနည်းလမ်း ၃ ခုထဲက အဆင်ပြေတာ နဲ့ သုံးပေါ့ဗျာ
အားလုံးပဲ အဆင်ပြေပါစေ
နည်းပညာ ညီအကို မောင်နှမများ အားလုံး လေးစားလျှက်
လေလွင့်ငှက်ငယ်လေး 

1 comments:

  1. ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box