ပိဋကတ်သုံးပုံကို မြန်မာလို နာယူလိုသူတွေအတွက် ~ MICT Garden

ပိဋကတ်သုံးပုံကို မြန်မာလို နာယူလိုသူတွေအတွက်

မင်္ဂလာပါခင်ဗျာ... Mobile Guide Journal မှတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်... ပိဋကတ်သုံးပုံကိုမြန်မာလို နာယူလိုသူတွေအတွက် android app အဖြစ်ရရှိနိုင်မှာပါ။ ဆဋ္ဌသင်္ဂါ ယနာတင် မြန်မာဘာသာပြန်ပိဋကတ်သုံးပုံကို ဖတ်ရှုနာယူနိုင်မှာဖြစ်ပြီး ဝိနည်းပိဋက၊ အဘိဓမ္မာပိဋက မြန်မာပြန်အပြင် အခြားသုတ္တန်နဲ့ နိကာယ်တွေကို ဖတ်ရှုနာယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် PDF ဖိုင်အနေနဲ့ သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ အင်တာနက်ချိတ်ဆက်ပြီး ဒေါင်းလုပ်ပြု လုပ်ရပါလိမ့်မယ်။ App ရေးဆွဲသူတွေဟာ ပိဋကတ်သုံးပုံဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ် ၄၅ ဝါပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေကို ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရေးသားမှတ်တမ်း တင်ထားတဲ့ စာပေတွေကို ခေါ်ဆိုတယ်လို့ရှင်းလင်းပြသထားတဲ့အပြင် ပိဋကတ် သုံးပုံဆိုတဲ့နေရာမှာ တစ်နည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာပိဋကတ်နှင့် သုတ္တန္တ ပိဋကတ်ဟု၍သုံးမျိုးခွဲခြားထားတယ်ဆို တဲ့အကြောင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အသေးစိတ်နားလည်နိုင်အောင် ရှင်းလင်းပြသပေး ထားပါတယ်။ ယခင်က ပိဋကတ်သုံးပုံအကြောင်းကိုမသိရှိရင်တောင်မှ ဒီ Appကိုသုံးစွဲကြည့်ခြင်းဖြင့် ဝိနည်းနဲ့ အဘိဓမ္မာအကြောင်းတွေကို အကျွမ်းတဝင်နားလည်သွားနိုင်ပါတယ်။ စာအုပ်စာပေတွေအရ သာလေ့လာမယ်ဆိုရင် စာအုပ်ပေါင်းများစွာကိုင်တွယ်အသုံးပြုရမှာဖြစ်ပြီး ယခုစမတ်ဖုန်းအတွင်းမှာ သုံးစွဲမယ်ဆိုရင်တော့ App တစ်ခုအနေနဲ့သာဖြစ်တဲ့အတွက် ရဟန်း သံဃာတော်တွေအနေနဲ့ အိတ်ဆောင် ပိဋကတ်သုံးပုံစာအုပ်တစ်အုပ်အနေနဲ့အသုံးပြုနိုင်မှာပါ။

ပိဋကတ်သုံးပုံကိုမြန်မာလို နာယူလိုသူတွေအတွက် 

>>>  Download  <<<

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။

Facebook Like Box