Windows 10 တွင် Factory Reset ပြုလုပ်ခြင်း


အချိန်အတိုင်းအတာ တစ်ခုအတွင်း အသုံးပြုတာ ကြာမြင့်လာတဲ့ Operating System တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဆောင်မှု စွမ်းရည်တွေကျဆင်း လာတတ်ပါတယ်။ ဥပမာ Software များ Install ပြုလုပ်ခြင်း၊ Uninstall ပြုလုပ်ခြင်းတွေကြောင့် ကျန်ခဲ့တတ်တဲ့ ဖိုင်အကြွင်းအကျန်များနဲ့ ဖျက်ပစ်ရခက်ခဲတဲ့ Virus များ၊ malware များကြောင့် Sys-tem တစ်ခုလုံးအတွက် အလုပ်လုပ်ဆောင်ရာမှာ ခက်ခဲတာမျိုးကို ကြုံရမှာပါ။

Windows 10 မှာ အဆိုပါ ပြဿနာတွေကို ဖြေရှင်းနိုင်ရန်အတွက် Settings တွေကို Default Factory Settings အတိုင်း Reset ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Settings ကို Factory Reset ပြုလုပ်တဲ့အခါမှာ Drive C: အောက်မှာရှိတဲ့ ကိုယ့်ရဲ့ data တွေ မပျောက်မပျက် စေရန်အတွက် backup တွေတော့ ပြုလုပ်ထားသင့်ပါတယ်။

Factory Reset ကိုစတင်ပြုလုပ်ဖို့အတွက် Taskbar ညာဘက်ထောင့်မှာရှိတဲ့ Notification icon ကိုကလစ်နှိပ်လိုက်ပါ။ ပြီးသွားရင် All Settings ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ All Settings ထဲကိုရောက်ပြီဆိုရင် Update & Security ဆိုတဲ့ Option ကိုရွေးချယ်ပေးရပါမယ်။ Update & Security ထဲကိုရောက်ရင် Reco-very ဆိုတာကို ရွေးချယ်လိုက်ပါ။

ပြီးသွားရင် Reset This PC ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါနေရာမှာ Get Started  ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Keep my files နဲ့ Remove  everything ဆိုပြီး option နှစ်ခုကိုတွေ့ရ ပါလိမ့်မယ်။ Keep my files ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Keep my files ကိုရွေးချယ်လိုက်ရင် app တွေ၊ software တွေကို Remove ပြုလုပ်သွားမှာဖြစ်ပြီး Personal file တွေကိုတော့ ထိန်းသိမ်းပေးထား ပါလိမ့်မယ်။

နောက်တစ်ဆင့်ကတော့ ညွှန်ကြားချက်များအတိုင်း Next But-ton တွေကိုနှိပ်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Reset ပြုလုပ်ဖို့အတွက် Reset ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ အဆိုပါ Button  ကိုနှိပ်လိုက်ရင် Default Factory Settings အတိုင်း Reset စတင်ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါအဆင့်တွေ ပြီးဆုံးတဲ့အခါမှာတော့ အထဲမှာရှိနေတဲ့ App တွေ၊ software တွေကို Remove  ပြုလုပ်ပြီး Desktop ကို Reinstall ပြန်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးဆုံးသွားပြီိဆိုရင်တော့ Windows 10 ကို Factory Reset ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
Tags :
Android နည်းပညာများ
Window OS, Application, Game,  နည်းပညာများ
Linux OS နည်းပညာများ
Web Development
Programming
နည်းပညာ ebooks များ
နည်းပညာ ဂျာနယ်များ



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။