DvD ထဲက Data မှန်သမျှကို ပေါ့ပါးလွယ်ကူစွာ Decrypte လုပ်ကြမယ်... ( You Must Needed Tool! )




မင်္ဂလာပါနော်...
ကျွန်တော် ချမ်းမြေ့မောင် ယခုဝေမျှပေးမယ့်အကြောင်းအရာလေးကတော့
တစ်ခါတစ်လေ မဟုတ်ရင်တောင်မှ ကျွန်တော်တို့ ကွန်ပျူတာကို အမြဲတစ်စေ DvD Drive ထဲကနေပြီး...
Movies သို့မဟုတ် ကွန်ပျူတာ အခွေဆိုင်ကနေဝယ်လာတဲ့ Software ခွေ သို့မဟုတ် မိမိမိတ်ဆွေတို့က လက်ဆောင်ပေးတဲ့
DvD Disc တွေကို မိမိတို့ရဲ့ စက်ထဲကို Copy လုပ်ပြီးသိမ်းထားချင်တယ် ဆိုပါတော့...
အဲ့ဒီအခါ... ကျွန်တော်တို့တွေအနေနဲ့ DvD Disc ကို စက်ထဲထည့်သွင်းပြီး အထဲက File တွေကို Copy ကူးကြတယ်...။
အဲ့ဒီလို DvDထဲက Data တွေကို Copy လိုက်သည့်ချိန်မျိုးတွင် ဖိုင်တွေအပြည့်အစုံ မရောက်တာမျိုးတွေဖြစ်နိုင်ပါတယ်...။

အခု တင်ပေးမယ့် Software ကတော့ အဆိုပါ ပြဿနာတွေကို ၉၉% ဖြေရှင်းပေးနိုင်မှာပါ။
DvD ထဲက Data တွေကို Copy Restrict Encrypted ===>( Copy ကူးမရအောင်လုပ်ထားခြင်း )
လုပ်ထားသည့် ဖိုင်များအပြင် မည့်သည့် Data ကိုမဆို အချိန်ခဏလေးအတွင်းမှာ Decrypt လုပ်ဆောင်နိုင်တဲ့
Feature ကို တွေ့ရပါတယ်...။ သာမာန် DvD ထဲက Data တွေကို Decrypt လုပ်ရင် ကြန့်ကြာနိုင်သည့်အချိန်တွေထက်
ထို tool ကတော့ လွယ်ကူအစဉ်ပြေနိုင်အောင် သာသာယာယာနဲ့ Decrypt လုပ်နိုင်ခြင်းပါပဲ...။

ကျွန်တော် ချမ်းမြေ့မောင် ကိုယ်တိုင်လည်း လက်ရှိအသုံးပြုနေဆဲဖြစ်တဲ့ လက်စွဲတော် Software လေးဖြစ်တာကြောင့်
သာမာန် Copy လုပ်ရင် ကြာတတ်တဲ့ အချိန်တွေကို စိတ်မရှည်တဲ့ အခါမျိုးတွေမှာ ယ္ခု Software လေးနဲ့ပဲ ဖြေရှင်းမိပါတယ်။
ဒီထက်ကောင်းတဲ့ နောက်ထပ် Update တွေတွေ့ခဲ့ရင်လည်း မိတ်ဆွေတို့အတွက် ပြောပြဝေမျှပေးသွားဦးမှာပါ...။

တပ်ဆင်ပုံနည်းလမ်း

=============
ကျွန်တော် အဆိုပါ Tool ကို Installation လုပ်ဆောင်ပြီး လွယ်ကူစွာအသုံးပြုနိုင်ရန်
နံပါတ်အစဉ်လိုက်ကလေး များဖြင့်ဖော်ပြပေးလိုက်ပါတယ်...။

၁။ ပထမဦးစွာ ကျွန်တော် Link ပေးထားတဲ့ Download File ကို Download ချယူပြီးလျှင် Desktop သို့မဟုတ် သင်ကြိုက်နှစ်သက်ရာသို့ Extract လုပ်ထားပေးလိုက်ပါ။

၂။ ပြီးလျှင် အဆိုပါ File အတွင်းသို့သွားရောက်ပြီး ထိုအထဲကမှ ( INSTALL APP! ) ဆိုတာကို Double Click နှိပ်ပေးပြီး Run လိုက်ပါ။

၃။ Double Click နှိပ်ပြီး Run လိုက်ရင် Yes, No ဆိုပြီးစာတန်းတက်လာပါလိမ့်မယ်...။ Yes ဆိုတာကိုပဲ နှိပ်ပေးလိုက်ပါ။

၎။ ပုံမှာပြထားသည့်အတိုင်း Next ဆိုတာကိုပဲ နှိပ်ပေးပါ။




၅။ ပုံထဲက Full ဆိုတဲ့ နေရာကို ရွေးပြီးလျှင် အောက်ဆုံးက Next > ဆိုတာကို နှိပ်ပြီး ဆက်သွားပါ။


၆။ ဒီအဆင့်က ဘယ်နေရာမှာ Software Folder ကိုထားမလဲဆိုတာကိုပြောတာပါ...။။ အောက်နားက Install ဆိုတာကိုသာ နှိပ်ပေးလိုက်ပါ။

၇။ Install Button နှိပ်ပြီးလို့ အောက်ကပုံအတိုင်း ပြလာလျှင် No ဆိုတာကိုသာ နှိပ်ပါ။


၈။ ဒါကတော့ နောက်ဆုံး အဆင့်ပါ။ ပုံထဲမှာ ဝိုက်ပြထားတဲ့ Run DVD Decrypter ဘေးနားက အမှန်ချစ်လေးကို ဖြုတ်ပေးလိုက်ပြီး အောက်ဆုံး Finish ဆိုတာကို နှိပ်ပြီးတဲ့အခါမှာတော့ အဆိုပါ Software Installation လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။





အသုံးပြုခြင်း

========
အရင်ဆုံး Desktop ပေါ်မှာ ခုနက တပ်ထားတဲ့ DVD Icon လေးကို Double Click နှိပ်ပြီးစတင်ဖွင့်ပါ။ အောက်ကပုံအတိုင်း
မြင်ကွင်းကိုတွေ့ရှိမှာပဲ ဖြစ်ပါတယ်...။


အဆိုပါမြင်ကွင်းက အရင်ဆုံး ကျွန်တော့်ရဲ့ စက်ထဲကို Movies Disc ကို ထည့်ထားလို့သာ အဆိုပါ Log File လေးကို မြင်တွေ့ရမှာပါ။ DvD မထည့်သွင်းထားဘူးဆိုရင်တော့ အဆိုပါမြင်ကွင်းကို မမြင်တွေ့နိုင်ပါဘူး။

မိတ်ဆွေက အရင်ဆုံး DVD Disc ကိုထည့်ပြီးမှသာ အဆိုပါ Software ကိုအသုံးပြုပါ။

နောက်တစ်ဆင့်အနေနဲ့ DVD ထဲက Data တွေကို Decrypt လုပ်ပါတော့မယ်...။
ပုံပါအတိုင်း ဝိုင်းပြထားသော Button ကိုသာ နှိပ်ပေးပါ။

ထို Button ကိုနှိပ်ပေးလိုက်ရင် DvD Decrypt လုပ်ငန်းစတင်လုပ်ဆောင်နေပါပြီ။

Decrypted လုပ်ပြီးသွားပြီဆိုရင်တော့ ပုံထဲကအတိုင်း မြင်ကွင်းကို ရောက်ရှိလာပါလိမ့်မယ်...။



ကျွန်တော်တို့ Decrypte လုပ်ထားတဲ့ File တွေက ဘယ်နားမှာရှိလဲဆိုတော့ မိတ်ဆွေကွန်ပျူတာရဲ့ D: Drive ထဲမှာ ပုံထဲကအတိုင်း  ( I_HEAR_B ) ဆိုတဲ့ ကျွန်တော့်ရဲ့ DvD ထဲက Data တွေကို ၁၀၀% ရောက်ရှိနေပါသည်။

( I_HEAR_B ) ဆိုတာက ကျွန်တော့် Movies ရဲ့ Title နာမည်မို့ပါ။ အဲ့နေရာမှာ တစ်ခြားအမည်ဖြစ်ချင်ဖြစ်မယ်.... ဒါပေမယ့် တူတူပါပဲ...။




ဖတ်ပေးပါ။

=======
ကျွန်တော် ယ္ခုပိုစ့်လေးကို ဝေမျှပေးရခြင်းအကြောင်းအရင်းကတော့ Online ပေါ်မှာ နည်းပညာတွေကို ရှာမှီးနေကြသောသူတွေကို ကျွန်တော့်လို သာမာန် ဘလော့ခ်ဂါတစ်ယောက်အနေနဲ့ ကိုယ်တတ်စွမ်းသလောက်
ပါဝင် ဖြည့်ဆည်းပေးခြင်းသပ်သပ်မို့ပါ။ ကျွန်တော့် ဝေဖန်မှုတွေများစွာ ခံခဲ့ရပါတယ်.... ဒီလိုပါပဲ... တစ်ယောက်နဲ့တစ်ယောက် မနာလိုမှုတွေပြည့်နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်က ချီးကျူးဖို့ကောင်းပါတယ်...။
ဘာပဲဖြစ်ဖြစ်ပါ... ကျွန်တော့်ကို ဘယ်လိုဝေဖန်မှုတွေရှိပါစေ...  အဲ့ဒီဝေဖန်မှုတွေကြားကပဲ... ကျွန်တော်ရှေ့ဆက်လျှောက်လှမ်းမယ့် ခွန်အားတစ်ရပ်ပဲဆိုတာ သိစေချင်မိပါကြောင်း ယ္ခုနေရာကနေပြီး ပြောခဲ့ပါတယ်နော်...။

အထက်ပါပိုစ့်အား မည်သူမဆို လွပ်လပ်စွာ ဝေမျှနိုင်ပါသည်။

ဝဝဝဝဝဝဝဝဝဝ ( ::::: ဆက်လက်ကြိုးစား ပါဦးမည် ::::: ) ဝဝဝဝဝဝဝဝဝဝ


Software Download

==============

<==== ( ::::: DOWNLOAD ::::: ) ====>

 OR

<==== ( ::::: DOWNLOAD ::::: ) ====>




( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY ( MCMM )

www.chanmyaemaung.net/

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။