ကမ္ဘာပေါ်တွင် Viber စတေကာကို မြန်မာနိုင်ငံက အများဆုံး အသုံးပြုနေပြီး တစ်လလျှင် စတေကာ အသုံးပြုမှုပေါင်း ၂၆၇ သန်းရှိသည်ဟု Viber က သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အိမ်နီးချင်းနိုင်ငံများ၏ Viber အသုံးပြုမှုထက် မြန်မာနိုင်ငံက Viber စတေကာကို ပိုမိုအသုံးပြုခဲ့ကြပြီး အရှေ့တောင်အာရှနိုင်ငံများသို့ စတေကာ ၇၀ ရာခိုင်နှုန်း ပေးပို့ခဲ့ပြီး ၁၃ ရာခိုင်နှုန်းကို ကမ္ဘာတစ်ဝှမ်း သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
တစ်လတာအတွင်း ထိုင်းနိုင်ငံ၏ Viber စတေကာအသုံးပြမှုသည် ၁၃ သန်းရှိခဲ့ပြီး ၊ မလေးရှားနိုင်ငံက စတေကာအသုံးပြုမှု ၂၂ သန်းနှင့် စင်ကာပူနိုင်ငံက ၁၃ သန်းရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံမှ Viber စတေကာ ၂၆၇ သန်း ၊ ဗီယက်နမ်နိုင်ငံမှ ၁၈ သန်း ၊ ဖိလစ်ပိုင်နိုင်ငံမှ ၄၄ သန်းနှင့် အင်ဒိုနီးရှားနိုင်ငံ မှ ၂ သန်း အသုံးပြုခဲ့ကြောင်း သိရသည်။
Viber သည် ၎င်း၏ စတေကာများ မြန်မာနိုင်ငံ၌ အောင်မြင်လာသည့်အတွက် ယခုလအတွင်း "တို့တစ်တွေကမြန်မာ" ဟူသော အစီအစဉ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါအစီအစဉ်၌ နေ့စဉ် ဘဝကို ပုံဖော်ထားသည့် စတေကာများ ၊ ကျေးလက်နေဒေသ ဘဝ စတေကာများပါဝင်လာမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
Viber ၏ "မြန်မာပြည်ကို တို့ချစ်သည်" အမည်ရှိ အစီအစဉ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး စတေကာကူးယူသူပေါင်း ၁ သန်းကျော်နှင့် အချင်းချင်း စတေကာပေးပို့မှု ပေါင်း ၂၂ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်၏ Public Chat သည်း Followers ပေါင်း ၁.၁ သန်းရှိခဲ့ကြောင်း Viber မှ စုံစမ်း သိရှိရသည်။
Credit Internetjournal
သီဟထိုက်
www.thihahtike.com
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
www.mictgarden.com
Facebook မှာ Friend Add ရန်
Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်.....
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။