Ooredoo အသုံးပြုသူ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြု ဟု ဆို


Ooredoo အသုံးပြုသူ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြုနေကြောင်း Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Rene Meza က ပြောသည်။ လက်ရှိအသုံးပြုသူပေါင်း ၇ သန်း ရှိကြောင်းသိရသည်။ “အသုံးပြုသူအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းက ဒေတာ (အင်တာနက်) ကို အသုံးပြုနေကြပါတယ်၊ ဒေတာသုံးစွဲမှုတစ်နှစ်တာအတွင်း ခြောက်ဆတက်လာတာ တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ၁.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုရှိနေပြီဖြစ်ကြောင်း သိရသည်။ “ဆက်လက်ပြီး ဖိုက်ဘာဆက်ကြောင်း ကွန်ရက်ဖြန့်ကြက်မှုမှာ ၇၇၀၀ ကီလိုမီတာအထိ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၆ အကုန်မှာ ၁၂,၀၀၀ ကီလိုမီတာအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ဒေတာအသုံးပြုမှုအနေဖြင့် တစ်နေရာနှင့်တစ်နေရာ တူညီမည်မဟုတ်ကြောင်း၊ မိမိရောက်ရှိနေသောနေရာအပေါ်မူတည်၍ လှိုင်းမြန်၊ နှေး ကွာခြားမည်ဖြစ်ကြောင်း သိရသည်။ “လိုင်းမြန်နှုန်း က ရောက်ရှိပြီး အသုံးပြုတဲ့နေရာအပေါ်မှာလည်း မူတည်ပါသေးတယ်၊ Ooredoo ရဲ့လှိုင်းနှုန်းစဉ်ရရှိမှုက အခြားအော်ပရေတာတွေ ရရှိတဲ့နှုန်းထားနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ Ooredoo ကတော့ စတင်ဝန်ဆောင်မှုပေးကတည်က 3G ကို အထောက်အပံ့ပေးတာမို့ 4G ဝန်ဆောင်မှုကို တိုးမြှင့်ပေးနိုင်တာဖြစ်ပါတယ်” ဟု Mr. Rene Meza က ဆက်လက်ပြောကြားသည်။

Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ဝန်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။