စမတ်ဖုန်းမှ အခမဲ့ အရောင်းအဝယ် ပြုလုပ်နိုင်မည့် Shopee App


စမတ်ဖုန်းမှပင် အလွယ်တကူ ရောင်းခြင်း၊ ဝယ်ခြင်းများကို ပြုလုပ်နိုင်မည့် Shopee MM: Buy&Sell on Mobile App ကို အခမဲ့ရယူနိုင်မည်ဖြစ်ပြီး အရောင်းအဝယ်များကို App မှတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမိုဘိုင်း App ဖြင့် www.shopee.com.mm ဝက်ဘ်ဆိုက်မှ ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန်မည့်အပြင် သုံးစွဲသူများအနေဖြင့်လည်း မိမိတို့ ရောင်းချလိုသည့် ကုန်ပစ္စည်းများကို မိုဘိုင်းဖုန်းမှပင် ရောင်းချနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် ရောင်းဝယ်သည့်စနစ် ထွန်းကားစေရန် ရည်ရွယ် ဖန်တီးထားသည့် အတွက် ဝက်ဘ်ဆိုက်ရှိ ကုန်ပစ္စည်းများကိုလည်း ဖုန်းမှပင် ရောင်းချသူနှင့် ဝယ်ယူသူနှစ်ဦး အဆင်ပြေစွာ ညှိနှိုင်းဝယ်ယူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်ခအတွက် အခကြေးငွေ တစ်စုံတစ်ရာ ပေးရန်မလိုအပ်ကြောင်း သိရသည်။

ကိုယ်တိုင်ရောင်းချလိုသူများအနေဖြင့် App မှတစ်ဆင့် ဝက်ဘ်ဆိုက်တွင် ကိုယ်ပိုင်အကောင့်တစ်ခုပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ကိုယ်ပိုင်အကောင့် စာရင်းပေးသွင်းခြင်း (Register) ကို မေးလ်အကောင့် သို့မဟုတ် ဖုန်းနံပါတ်ဖြင့် ပြုလုပ်နိုင်မည့်အပြင် ကိုယ်ပိုင်အကောင့်နာမည်တစ်ခုဖြင့်လည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

ရောင်းချသူများအနေဖြင့် ဝန်ဆောင်မှုဆိုင်ရာ၊ လုံခြုံမှုမူဝါဒ၊ ရောင်းဝယ်ခြင်းဆိုင်ရာ စည်းကမ်းချက်စသည်တို့ကို ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး Shopee MM App ကို Google PlayStore, 1Mobile, MoboMarket တို့အပြင် ဝက်ဘ်ဆိုက်မှတစ်ဆင့်လည်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

Shopee MM App ကို လက်ရှိတွင် Android OS စနစ်သုံးဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး iOS စနစ်သုံး ဖုန်းများတွင် မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Credit Internetjournal


အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....


No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။