iOS 9 ကို စက်တင်ဘာ ၁၆ တွင် ဖြန့်ချိမည်


Apple ၏ မိုဘိုင်း operating system ဗားရှင်းသစ်ဖြစ်သော iOS 9 ကို iPhone 6S နှင့် 6S Plus ရောင်းချမည့်ရက် မတိုင်မီ ကိုးရက်အလို စက်တင်ဘာ ၁၆ ရက်တွင် ဖြန့်ချိမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။
အဆိုပါ Apple မိုဘိုင်းဆော့ဖ်ဝဲသစ်ကို လွန်ခဲ့သည့် သုံးလက Worldwide Developers Conference တွင် ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီးနောက် သုံးစွဲသူများက download ပြုလုပ်ပြီး စမ်းသပ်သုံးစွဲနိုင်ရန် public beta ကို ဖြန့်ချိခဲ့သည်။
iOS 9 ကို iPhone 4S နှင့်အထက် iPhone အားလုံး၊ ပဉ္စမမျိုးဆက်မော်ဒယ်နှင့်အထက် iPod Touch အားလုံးနှင့် iPad 2, iPad Air နှင့် iPad Mini နှင့်အထက် iPad အားလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
iOS 9 တွင် ပါဝင်လာသော feature များအနက် အကောင်းဆုံးတစ်ခုမှာ တစ်နေ့လုံးပြုလုပ်သည့် အလေ့အထ သို့မဟုတ် သတ်မှတ်တည်နေရာများတွင် ပြုလုပ်သည့် အလေ့အထ တို့ကိုသိရှိကာ ကြိုတင်လုပ်ဆောင်ပေးမည့် feature ဖြစ်သည်။ ဥပမာအနေဖြင့် သုံးစွဲသူက အိမ်နှင့် အလုပ်ခွင် ပုံမှန် အသွားအပြန် ပြုလုပ်သည့်အခါ သီချင်းကို အလိုအလျောက် ဖွင့်ပေးမည်ဖြစ်သည်။ ၎င်းသည် မကြာခဏ အသုံးပြုသည့် အလေ့အထအပေါ် မူတည်ကာ app များနှင့် contact များကို ဖော်ပြပေးမည် ဖြစ်သည်။
အခြားသော feature သစ်များတွင် ဘက်ထရီသုံးစွဲချိန်ကို ပိုမိုကြာရှည်စေမည့် လုပ်ဆောင်ချက်၊ Siri ကို ပြုပြင်မွမ်းမံခြင်း၊ app များအကြား ပြောင်းလဲအသုံးပြုခြင်းအတွက် interface သစ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းညွှန်မှုများ၊ Apple ထုတ်ကုန်များအကြား Note များကို အကောင်းဆုံး ပေါင်းစပ်ခြင်းနှင့် News app သစ်တို့ ပါဝင်သည်။ iPad အတွက်လည်း split-screen feature နှင့် picture-in-picture video ကဲ့သို့သော interface အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည်။
iOS 9 ကို စက်တင်ဘာလ ၁၆ ရက်တွင် over-the-air (OTA) မှ download ပြုလုပ်နိုင်သလို iTunes မှလည်း download ပြုလုပ်နိုင်မည် ဖြစ်သည်။

Ref: CNET

Credit : http://internetjournal.media/news/4056

Download ဆွဲနည်း အပြည့်အစုံ ကို ဖတ်မယ်ဆိုရင် ဒီကိုကလစ်ပြီး ဖတ်ပါ။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။


Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်
 LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။