ယခုကဲ့သို့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ နည်းပါးနေသေးခြင်းမှာ အဆိုပါဒေသများ၏ တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် မိုဘိုင်း ဆက်သွယ်ရေးဈေးကွက် အနည်းငယ်သာရှိနေသေးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“ဒီမှာက မြို့ကြီးတွေလို တစ် ဦးချင်း မိုဘိုင်းဖုန်းကိုင်သုံးတာ နည်းတယ်ပြောရမယ်။ ရွာဘက် တွေဆို ပိုနည်းတာပေါ့။ စစ်တွေ၊ တောင်ကုတ်လိုမြို့ပေါ်မှာတော့ တစ်ယောက်ချင်းစီ ဖုန်းသုံးတာ ပိုများတယ်။ ဒါတောင် မိသားစု တစ်စုမှာ လူစေ့ဖုန်းကိုင်တာမျိုး မရှိသေးဘူး။ ရန်ကုန်မှာဆို မိသား စု လေးဦးရှိရင် လေးဦးလုံးမှာ မို ဘိုင်းဖုန်းတစ်လုံးစီရှိ ကြတယ်လေ” ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင်
မိုဘိုင်းဖုန်းသိပ်သည်းဆ နည်းပါးနေသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီး
အချို့ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဒေသများမှာ ချင်းပြည်နယ်၊
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အများဆုံး ဒေသမှာ
နေပြည်တော်ကောင်စီနယ်မြေ ဖြစ်နေပြီး ယင်းဒေသတွင် ၁၂၄ ရာခိုင်နှုန်းအထိ
ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မိုဘိုင်းဖုန်း သိပ်သည်းဆပမာဏမှာ ၈၀
ရာခိုင်နှုန်းရှိနေပြီး မန္တလေး တိုင်းတွင် မိုဘိုင်းဖုန်းသိပ်သည်း ဆ ၅၀
ရာခိုင်နှုန်းသာရှိနေကြောင်း အထက်ပါဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ
အရသိရသည်။
အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော နိုင်ငံအတွင်း
မိုဘိုင်းဖုန်းသိပ်သည်းဆ ပမာဏများသည် ဒေသတစ်ခုချင်းစီးအ တွက်
ရောင်းချပြီးသော ဆင်းမ်ကတ် အရေအတွက်နှင့် အသုံးပြု နေသည့် အရေအတွက်တို့အား
အချိုးချ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Credit internetjournal
Thiha Htike(THT)
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။