ကျပ်တစ်သောင်းခွဲ Ooredoo G7 ဟန်းဆက်ကို ဝယ်ယူပါက ကျပ်တစ်သောင်းခွဲဖိုး အခမဲ့အသုံးပြုနိုင်


3G စနစ်ပါသည့် Ooredoo G7 ဟန်းဆက်ကို ငွေကျပ် ၁၅,၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီး ငွေကျပ် ၁၅,၀၀၀ တန်ဖိုးရှိသည့် Tigger Offer ဝန်ဆောင်မှုကို ရယူနိုင်မည်ဟု Ooredoo Myanmar က ကြေညာထားသည်။

Ooredoo G7 ဟန်းဆက်သည် Ooredoo ကွန်ရက်တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဟန်းဆက်ဝယ်ယူသည်နှင့် တစ်ပြိုင်နက် SIM ကတ်ကိုပါ ပူးတွဲ ထည့်သွင်းပေးထားခြင်းဖြစ်သည်ဟု သိရသည်။

Tigger Offer ဝန်ဆောင်မှုတွင် Facebook သုံးစွဲရန် 100MB ၊ Ooredoo ဖုန်းလိုင်းအချင်းချင်း ခေါ်ဆိုရန်မိနစ် ၁၀၀ အပြင် အသုံးပြုခြင်းကို ကြိုဆိုသည့်အနေဖြင့် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၃ လတိတိ ရမည်ဖြစ်ပြီး အင်တာနက် 10MB ကိုလည်း တစ်လတိတိ ရယူနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုအရ ရက် ၃၀ သက်တမ်းကုန်ပြီးပါက လစဉ် အနည်းဆုံး တစ်ထောင်ကျပ်တန် ငွေဖြည့်ကတ် ဖြည့်သွင်းပြီး Ooredoo ဖုန်းအချင်းချင်း ဖုန်း တစ်လ မိနစ် ၁၀၀ ခေါ်ဆိုခွင့်ကို ၅ လဆက်တိုက် ရရှိနိုင်မည်ဟု သိရသည်။

Ooredoo G7 ဟန်းဆက်ကို အနက်ရောင်၊ အဖြူ ရောင်၊ အနီရောင်ဟူ၍ အရောင်သုံးမျိုးရရှိနိုင်ပြီး ဇူလိုင်လ ၁၈ ရက်မှစ၍ Tiger Dealer မိုဘိုင်းအရောင်းဆိုင်များတွင် စတင် ဝယ်ယူနိုင်ကြောင်း Ooredoo Myanmar မှ သတင်းထုတ်ပြန်ထားသည်။

Credit==>internetjournal 
Thiha Htike(THT)
thihahtike.it@gmail.com

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။