သဘာဝဘေးဒဏ်ဖြစ်ပေါ်သော ဒေသများတွင် MEC ဖုန်းအချင်းချင်း အခမဲ့ခေါ်ဆိုနိုင်

သဘာဝဘေးဒဏ်ဖြစ်ပေါ်သော ဒေသများတွင် MEC ဖုန်းအချင်းချင်း အခမဲ့ခေါ်ဆိုနိုင်ရန် ဆောင်ရွက် ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သိရသည်။
လက်ရှိ သဘာဝဘေးဒဏ် ဖြစ်ပေါ်သော ဒေသများဖြစ်သည့် ကလေး၊ ဟားခါး၊ ဟင်္သာတ၊ ညောင်တုန်း၊ သာပေါင်း၊ အင်္ဂပူမြို့နယ်တို့တွင် MEC ဖုန်းအချင်းချင်း ခေါ်ဆိုမှုအား အခမဲ့ဝန်ဆောင်မှု အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ သြဂုတ်လ ၁၈ ရက်မှစတင်ကာ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်းပြောခ နှုန်းထားအနေဖြင့် MEC Tel ဖုန်းအမျိုးအစား အချင်းချင်းကို တစ်မိနစ် ၂၂ ကျပ်၊ MEC Tel ဖုန်းမှ အခြား အော်ပရေတာများသို့ ခေါ်ဆိုခကို တစ်မိနစ် ၂၃ ကျပ် ဖြစ်သည်။
MECTEL ဆင်းမ်ကတ် SMS တစ်စောင်လျှင် ၁၅ ကျပ်၊ ကတ်ပျက်၊ ကတ်ပျောက်အတွက် ၁,၅၀၀ ကျပ် ဖြစ်သည်။ MEC ဆင်းမ်ကတ်များ၏ တန်ဖိုးမှာ ၁,၅၀၀ ကျပ် ဖြစ်သည်။
Thiha Htike(THT)

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။