Aquila ဒရုန်းသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် မြေပြင်အထက် အမြင့်ပေ ၆၀,၀၀၀ မှ ၉၀,၀၀၀ အတွင်း ပျံသန်းနိုင်ပြီး ရက် ၉၀ တိုင် အင်တာနက် ထောက်ပံ့ပေးမည့် လေယာဉ်ဖြစ်သည်။ ၎င်းသည် ဘိုးအင်း ၇၃၇ ထက် ကြီးမားသော်လည်း အလေးချိန်မှာ အဆပေါင်းများစွာ လျော့နည်းကြောင်းဆိုသည်။
ယခင်က အရွယ်သေးငယ်သော ဗားရှင်းကို စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်သော်လည်း အရွယ်ကြီးမားသည့် အမျိုးအစားကို ပထမဦးဆုံး စမ်းသပ်ပျံသန်းနိုင်ရန် အသင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
Aquila ဒရုန်းကို အပြီးသတ် လုပ်ဆောင်ပြီးသည့်အခါ ၎င်းသည် လေဆာများမှတစ်ဆင့် အချက်အလက် ပေးပို့ရာတွင် ၁၀ မိုင်ကျော်အကွာအဝေးမှ အကြွေစေ့တစ်စေ့ခန့် သေးငယ်သော ပစ်မှတ်တစ်ခုထံသို့ 10Gb/s ဖြင့် ပေးပို့နိုင်မည် ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။
၎င်းနည်းပညာသစ်သည် ယခင်စံချိန်များထက် ၁၀ ဆခန့် ပိုမိုလျင်မြန်မည် ဖြစ်သည်။
Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်သည် ဒရုန်းချိတ်ဆက်မှု စီမံကိန်းကို ၂၀၁၄ ခုနှစ် မတ်လတွင် ကြေညာခဲ့ပြီးနောက် ယခုလ အစောပိုင်းတွင် လေဆာနည်းပညာ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
Facebook ကမူ လူဦးရေ ၁၀ ရာခိုင်နှုန်းသည် အင်တာနက် အခြေခံ အဆောက်အဦ မရှိသော နေရာများတွင် နေထိုင်လျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင် အင်တာနက်ကွန်ရက် ဖန်တီးရန် ဆန္ဒမရှိကြောင်း၊ သို့သော်လည်း သုတေသန လက်တွေ့စမ်းသပ်ခန်းများ အနေဖြင့် ဝေးလံသော ဒေသများတွင် အင်တာနက်ကို ထောက်ပံ့ပေးလိုသော အခြား အော်ပရေတာများအတွက် လိုအပ်သည့် နည်းပညာ အဆင့်မြှင့်တင်မှုများကို အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
Ref: TheNextWeb
Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။