နည်းပညာတက္ကသိုလ် ကျောင်းသားများအား Ericsson မှ အလုပ်ခန့်ထားမည်

နည်းပညာတက္ကသိုလ် ကျောင်းသားများအား Ericsson မှ အလုပ်ခန့်ထားမည်ဖြစ်ကြောင်း Ericsson Myanmar မှ သတင်းရရှိသည်။

ရန်ကုန်နည်းပညာဆိုင်ရာ တက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့်ဘွဲရပြီးစများအား စတင်အလုပ်ခန့်ထားနေကြောင်း ပြောကြားသည်။ Ericsson Myanmar ၏ အလုပ်သင်အင်ဂျင်နီယာ အစီအစဉ်အတွက် ခေါ်ယူခန့်ထားမည်ဖြစ်ပြီး လျှောက်လွှာများစိစစ်ရန်နှင့် အလုပ်သင်အတွက် အင်တာဗျုး အစီအစဉ်များအား မှော်ဘီ၊ လှိုင်သာယာနှင့် သန်လျင် နည်းပညာတက္ကသိုလ်များတွင် သြဂုတ်လ တတိယအပတ်က ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ Ericsson Graduate Program နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက hr.myanmar@ericsson.com သို့ မေးမြန်းနိုင်မည်ဖြစ်သည်။
ရွေးချယ်ခံရသူများအတွက် အလုပ်သင်ကဏ္ဍ အပါအဝင် အခြားလေ့ကျင့်ရေး သင်တန်းများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်မှ အလုပ်သင် အင်ဂျင်နီယာ ၂၂ ယောက်လည်း လက်ရှိဝန်ထမ်းအဖြစ် ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။
Ericsson Myanmar အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရန်ကုန်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းပေါင်း ၂၉၀ ကျော် ခန့်ထားခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းဝန်ထမ်း ၇၂.၄ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအစီအစဉ်အတွက် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလုပ်သင်အစီအစဉ်ကို အောင်မြင်သူများအနေဖြင့် အလုပ် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ericsson အနေဖြင့်ကမ္ဘာတစ်ဝန်း ဝန်ထမ်ပေါင်း တစ်သိန်းကျော်ရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏ အိုင်စီတီလုပ်ငန်း တိုးတက်ရေး တစ်စိတ်တစ်ဒေသအဖြစ် ယခု အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
Thiha Htike(THT)

No comments:

Post a Comment

လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။

ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့

ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။