မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင်ရောင်းချမည်ဟု တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းဆိုင် ၁,၅၀၀ တွင် ဆင်းမ်ကတ်များကို တစ်ပြိုင်တည်း ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းမှာ မူလကပြောကြားထား သည့်အတိုင်း ၁၅၀၀ ကျပ်ဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်၌ မန္တလေးမြို့တွင် တယ်လီနော၏ 2G ကွန်ရက်ကို အလွန်ကောင်းမွန်စွာ တည်ဆောက်ထားကြောင်း၊ 3G ကွန်ရက်အနေဖြင့် မန္တလေးမြို့လယ် အတွင်း၌သာ တည်ရှိနေသေးသော်လည်း တယ်လီနောမြန်မာအနေဖြင့် အသုံးပြုသူ တိုးတက်လာသည့်အလျောက် ကွန်ရက်ကို ထပ်မံချဲ့ထွင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တယ်လီနောမြန်မာသည် ၎င်း၏ မိုဘိုင်းဆင်းမ်ကတ်များကို မန္တလေးမြို့တွင် စတင်ရောင်းချပြီး တစ်ပတ်အကြာ၌ နေပြည်တော်တွင် စတင်ရောင်းချ မည်ဖြစ်ပြီး နှစ်ပတ်ကြာမြင့်သည့်အခါ ရန်ကုန်တွင် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။ ဆင်းမ်ကတ်များကို အရေအတွက် ကန့်သတ် ထားခြင်းမရှိဘဲ လုံလောက်စွာရောင်းချပေးမည် ဖြစ်သည့်အတွက် မည်သူတစ် ဦးတစ်ယောက်မှ ဆင်းမ်ကတ်များကို ဈေးနှုန်းပိုမိုပေးဆောင်၍ ဝယ်ယူရန်မလို အပ်ကြောင်း တယ်လီနောမြန်မာက ပြောဆိုခဲ့သည်။
ဆင်းမ်ကတ်ဝယ်ယူရာတွင် မှတ်ပုံတင်တစ်ခုကို ဆင်းမ်ကတ်သုံးခုရောင်းချမည်ဟု Telenor ကပြောသည်။ Telenor သည် Sim Card ရောင်းချရန် မန္တလေးမြို့တွင် တာဝါတိုင် ၇၀တည် ဆောက်ထားသည်ဟု သိရသည်
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။