
ရတနာပုံတယ်လီပို့အများ ပိုင်ကုမ္ပဏီမှ အခမဲ့ဖုန်းခေါ်ဆို ခွင့်မိနစ် ၂၀၀၊ sms အစောင် ယင်းသို့ရောင်းချရာတွင် အခမဲ့ဖြန့်ဝေသည့်စနစ်နှင့် ကျပ် ၁၅၀၀ဖြင့် ရောင်းချသည့်စနစ် နှစ်မျိုးဖြင့် ဂျီအက်စ်အမ်မိုဘိုင်း ဆင်းကတ်များကို ရောင်းချမည် ဖြစ်ပြီး ကနဦးအနေဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီး များတွင် စတင်ရောင်းချနိုင်ရန် အတွက် 2G, 3G ကွန်ယက်ရ ရှိမည့် အဆောက်အဦပိုင်းဆိုင် ရာများကို လက်ရှိတွင်ဆောက် လုပ်လျက်ရှိကြောင်း ရတနာပုံ တယ်လီပို့အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
““နိုင်ငံတကာအရည်အ သွေးအတိုင်းအသုံးပြုနိုင်မယ့် ဂျီအစ်အမ်ဆင်းကတ်တွေကို အလကားဖြန့်ဝေပေးတဲ့စနစ်၊ ၁၅၀၀နဲ့ရောင်းပေးတဲ့စနစ်စ တဲ့ပုံစံတွေနဲ့ရောင်းချပေးသွား မှာပါ။ ဖုန်းနံပါတ်တွေက ဂဏန်း ၁၀လုံးလောက်ဖြစ်မယ် ထင်ပါ တယ်””ဟု ယင်းကပြောသည်။ ရတနာပုံတယ်လီပို့အများ ပိုင်ကုမ္ပဏီလိမီတက်အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းဝန် ဆောင်မှုလုပ်ငန်းများအတွက် အမေရိကန် ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး သြ ဂုတ်လအတွင်း မိုဘိုင်းဖုန်းများ ရောင်းချနိုင်ရေးအတွက် နည်း ပညာပိုင်းဆိုင်ရာများမှာ ၇၅ရာ ခိုင်နှုန်းပြီးနေ ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့အများပိုင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖုန်းလိုင်းအရေအတွက် ၁၀သန်းရောင်းချခွင့် ရထားပြီး နိုင် ငံခြား ကုမ္ပဏီ များနှင့် ပူး ပေါင်းလုပ်ကိုင်ရန် စီစစ်မှု များ ပြုလုပ်နေကြောင်းနှင့် မြန် မာ နိုင်ငံတွင် ငါးနှစ်အတွင်း ဖုန်းအ သုံးပြုသူ ၈၅ရာခိုင်နှုန်းအထိ ရှိအောင် ဆောင်ရွတ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံ တကာ အတွေ့အကြုံရှိသူတစ်ဦး က““ကျွန်တော်တို့သိတာက အ လကားဖြန့်တာက ဖုန်းဟမ်း ဆက် ကုမ္ပဏီတွေနဲ့ပေါင်းပြီး ဟမ်းဆက် ရောင်းရင်းနဲ့ တစ်ခါတည်း ဆင်း ကတ်ပါထည့်ပေးတာ ဖြစ်မယ် ထင်ပါ တယ်။ အဓိကကတော့ သူ တို့ရဲ့ လေလှိုင်းထဲက ဖုန်းပြောခ ကို ဘယ်လိုသွားမလဲ။ တယ်လီ နောတို့ အော်ရီဒူးတို့လိုပဲ ၂၅ကျပ် နဲ့သွားမလား။ ဒါကိုလဲ ပြောသင့် ပါတယ်”” ဟု ပြောပြ သည်။
၅၀အခမဲ့ပို့ခွင့်များပါသော ဂျီအက်စ်အမ်မိုဘိုင်းဆင်းမ်ကတ်များ ကို သြဂုတ်လအ တွင်း ရောင်း ချ နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
N H [--Myanmar News Network--]
ကိုမြတ် (B.E-Mechatronics)
No comments:
Post a Comment
လာရောက်အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးပါ။ အဆင်မပြေဖြစ်ပါက Comment ရေးခဲ့နိုင်ပါသည်။ လိုအပ်မှုတစ်ခုခု ရှိပါက C-Box တွင် Message ထားခဲ့နိုင်ပါသည်။
ကျွန်တော်ရဲ့ Blog ရေးဖော်၊ ရေးဖက် ညီအစ်ကိုများနဲ့ ဆက်သွယ်ချင်ရင်တော့
ကိုမြတ်း mckomyat@gmail.com/
ကိုကိုဇော်း kokozawbeec@gmail.com/
ရေနီသားဖြိုးလေးး yenihackerlay@gmail.com/
ရွှေမိုးညိုး kosaimonyo@gmail.com/
ဦးအာကား mr.heartbreaker14@gmail.com/
ကိုပြည့်ဖြိုးအောင်း ppa2496@gmail.com/
ကိုပြည့်ဖြိုးကျော်း naungnaungn010@gmail.com/
ကိုCopy/Pasteး pasterblogger@gmail.com/
ကိုသီဟထိုက်း thihahtike@gmail.com တို့ပဲဖြစ်ပါသည်။